ရှီရီ : "..."

ယွီကျီရီရဲ့ မျှော်လင့်နေသည့်မျက်လုံးတို့ကိုမြင်တော့ သူ့မှာ အံကြိတ်ပြီး တံခါးနားတွင်သာ စောင့်နေရတော့သည်။

ရှီရီထွက်သွားသည်နှင့် ယွီကျီရီက မေးဖို့ကိုမစောင့်နိုင်တော့ပေ။ "ပြီးတော့ ဘာဖြစ်လဲ။ ကောကောလေ။ သူကျောင်းမှာ ဘာဖြစ်လဲ...."

နောက်ဆုံးတော့ ချောင်လဲ့ကျီက အားကစားပွဲအကြောင်း ပြောပြလာသည်။ "ရှီရီက နင့်ကို ကောင်းကောင်းဆက်ဆံတယ်နော်။ သူက နင့်အတွက် note ထုတ်ပေးဖို့အတွက်နဲ့ အာကစားပွဲတွေမှာ မပါတော့ဘူးလေ။ "

ဒီအကြောင်းတွေပြောရခြင်းရဲ့ရည်ရွယ်ချက်က သူ(မ)ကို ပစားပေးခံနေရကြောင်းသိစေချင်၍သာ။ ပြီးတော့ ချောင်လဲ့ကျီကလည်း ရှီရီ အားကစားပွဲတွင်ပါအောင် စည်းရုံးဖို့ ကြိုးစားနေခြင်းမဟုတ်ပါ။

သို့ပေမဲ့ ကောင်မလေးက ဒီစကားတွေကို နှလုံးသားထဲတွင် တိတ်တဆိတ် မှတ်ထားလိုက်သည်။

ချောင်လဲ့ကျီပြန်တော့ ရှီရီက သူ(မ)အတွက် အဆင်သင့်တံခါးဖွင့်ပေးလိုက်ပြီး အလွန်တောက်ပသည့်အပြုံးနှင့် "goodbye ။ ထပ်မတွေ့ချင်တော့ပါ။"

ချောင်လဲ့ကျီ : "..."

ယွီကျီရီက လက်ယမ်း၍နှုတ်ဆက်ရင်း "ချောင်ချောင်။ နောက်မှ တွေ့ကြမယ်နော်။"

ချောင်လဲ့ကျီ : ဟုတ်ပြီ။ ဒီလိုမှ ပုံမှန်နဲ့တူတော့တယ်။

ချောင်လဲ့ကျီပြန်သွားပြီးနောက် အိမ်တွင် ရှီရီနှင့် ရီရီသာကျန်ခဲ့သည်။ ဒါကြောင့် ယွီကျီရီက တိုက်ရိုက်ပဲ မေးလိုက်သည်။ "ကောကော။ ကျောင်းမှာ အားကစားပွဲလုပ်နေတယ်ဆို။"

"ဟုတ်တယ်။"

"ဒါဆို ဒီတစ်ခါ ဘယ်ပြိုင်ပွဲမှာပါမှာလဲ။"

"..."

ချောင်လဲ့ကျီ! ဒီ ပါးစပ်ဖွာတဲ့ကောင်မလေးတော့....။

အရေးမကြီးပါ။ ကောင်မလေးက အဖြေကိုစောင့်မနေပါ။ သူ(မ)က မေးကြည့်ရုံသာဖြစ်သည်။ သူ(မ)က အထင်ကြီးလေးစားနေဟန်မျက်လုံးများနှင့် သူ့ကို မျှော်လင့်တကြီးကြည့်ကာ "ကောကောက အရမ်းတော်တာပဲဟာကို။ ဘယ်ပွဲမှာပါပါ ကောကောပဲနိုင်မှာ။"

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now