Chapter 41.2

1K 183 10
                                    

Unicode

Ch-41.2

ကျိုးရှန်နှင့်စကားပြောပြီးတဲ့နောက် ရုံကျင်းအတွေးထဲ၌နစ်မျောသွားသည်။ သူကတည်နေရာခြေရာခံသည့်ပစ္စည်းကိုဝယ်ဖို့စဥ်းစားခဲ့မိတာ​ကြောင့် စိတ်ထဲမှာတော့လိပ်ပြာမသန့်သလိုခံစားလာရသည်။

ကုရှီလည်းဒီနေ့ညကိစ္စကြီးတစ်ခုခုကိုလုပ်ဖို့တွေးနေတာမို့ သူလဲပဲစိတ်ထဲမှာမလုံမလဲဖြစ်နေသည်။

သူတို့နှစ်ယောက်လုံးတစ်ချိန်တည်း၌ပင်
တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်မိသည်။ အကြည့်ချင်းဆုံသွားမယ်လို့မထင်မှတ်ထားတာကြောင့် နှစ်ယောက်သားမြန်မြန်ဆန်ဆန်တခြားတစ်ဖက်သို့အကြည့်လွှဲလိုက်ကြသည်။

'' ဟို... ကျွန်တော်ဝယ်ချင်တာလေးရှိလို့ ''

'' အော်... ငါလဲလိုက်ခဲ့မယ် ''

သူတို့နှစ်ယောက်လုံး၏စိတ်ထဲမှအတွေးတွေက ကမောက်ကမဖြစ်နေသော်ငြား ​ပြောလိုက်တဲ့စကားတွေကတော့သဘာဝကျတယ်လို့ တွေးနေကြ၏။

ရုံကျင်း [ငါသူ့ကိုခိုးကြည့်နေတာကို သူသတိမထားမိလောက်ဘူးမလား]

ကုရှီ [ငါသူ့ကိုခိုးကြည့်နေတာကို သူသတိမထားမိလောက်ပါဘူးနော်]

ရုံကျင်းဖန်သားပြတင်းပေါက်တွေတပ်ဆင်ထားသည့်အဆောက်အအုံအနီးအနားရှိ ကုန်တိုက်တစ်ခုကိုရွေးလိုက်သည်။ ၎င်းအဆောက်အအုံ၏အလယ်ဗဟိုတွင်
တစ်ကိုက်,ကိုက်ထားသည့်ရိုးရိုးရှင်းရှင်းသစ်တော်သီးပုံဆိုင်းဘုတ်ထောင်ထားသည်။ ၎င်းအဆောက်အအုံက 'မုလီ'ကုမ္ပဏီဖြစ်ပြီး တန်ဖိုးမြင့်မိုဘိုင်းလ်ဖုန်းတွေ  ၊ကွန်ပျူတာတွေနှင့်တခြားသောအီလက်ထရွန်နစ်အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေသည့်နာမည်ကြီးအမှတ်တံဆိပ်တစ်ခုဖြစ်သည်။

ဒီဝတ္ထုရဲ့ကမ္ဘာထဲမှာ စျေးနှုန်းအသင့်ဆုံးအီလက်ထရွန်နစ်ပစ္စည်းတွေကို ပိုင်စန်းကုမ္ပဏီမှထုတ်လုပ်သည်။ သူတို့ရဲ့ထုတ်ကုန်တွေကဒီဇိုင်းခိုင်ခံ့ပြီးခေတ်မှီသောကြောင့်
လူကြိုက်များသည်။ 'မုလီ'ကဲ့သို့နိုင်ငံခြားအမှတ်တံဆိပ်တွေကစျေးကြီးပြီးစွမ်းဆောင်ရည်နိမ့်တာကြောင့် ဒီမှာသိပ်ပြီးနာမည်မကြီးဘူး။

Hold On,You're Something Else [Myanmar Translation]Donde viven las historias. Descúbrelo ahora