Chapter 7.1

2.9K 583 10
                                    

Unicode

Ch-7.1 ငယ်ပေမဲ့ ခေတ်နောက်ကျတယ်

ရှဲလင်းသူ့အခန်းထဲရောက်တာ ဘယ်လောက်ကြာပြီဆိုတာ ရုံကျင်းမသိဘူး။
သူအိပ်နေတာကို အကြည့်ခံရတာက နည်းနည်းတော့ ကျောချမ်းဖို့ကောင်းတယ်။

ဒါကရှဲလင်းရဲ့ဝါသနာများလား?  သူတို့ အဲ့ဒါနဲ့ပတ်သက်ပြီး သူတို့စကားပြောဖို့ လိုတယ်လို့တွေးလိုက်တယ်။

'' အကို ကျွန်တော့်ကိုနောက်ယောင်ခံလိုက် နေတာလား? ''

'' ဟ '' ရှဲလင်းလှောင်ရယ်လိုက်တယ်။

သူ့ကိုကြည့်ရတာ ရုံကျင်းကိုလှောင်နေသလို ပဲ ငါကအဲ့လိုလုပ်စရာလိုသေးလို့လား?

လုံးဝကို သရော်နေမှုအပြည့်ဖြစ်နေတယ်။
တကယ့်'ရှဲလင်း' ပီသပါပေတယ်။

ရုံကျင်းချက်ချင်းစိတ်ညစ်သွားတယ်။ ဘာလို့ရှဲလင်းက သူ့နောက်လိုက်နေတာလဲ?
တခြားတယောက်ယောက်က လိုက်ရင်တောင် ဒီလောက်သိသာမှာ မဟုတ်ဘူး။

ရှဲလင်း '' ငါကသရဲမလို့လား? မင်းအမူအရာက ဘာဖြစ်နေတာလဲ? ''

ရုံကျင်း '' ဟင့်အင်း မဟုတ်ပါဘူး ''

ဒါပေမဲ့ အကိုသာဒီကို အ​ကြိမ်အနည်းငယ် လောက်ထပ်လာခဲ့ရင် သရဲထက်တောင် ပိုကြောက်ဖို့ကောင်းမှာ အိပ်ယာကနိုးနိုးချင်း ကိုယ့်အခန်းထဲမှာတခြားသူရောက်နေတာကို မြင်လိုက်ရင် ဘယ်သူမဆိုတုံ့ပြန်တာ သူ့ထက်တောင်ဆိုးလိမ့်မယ် သူပြင်းပြင်းထန်ထန်မတုံ့ပြန်တာတင် တော်တော်သဘောကောင်းနေတာ

အင်းလေ အကို့ကို စိတ်အနှောင့်အယှက်ပေးဖို့လဲ ကျွန်တော်မတတ်နိုင်ဘူး အဲ့တော့ ပါးစပ်ပဲပိတ်ထားလိုက်တော့မယ်

ရုံကျင်းအိပ်ယာကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပြီး အိတ်ထဲအဝတ်တွေထည့်နေတာကို ရှဲလင်းကြည့်နေတယ်။ သူအကုန်လုံးကို အာရုံမပျက်ဘဲ သေချာခေါက်နေလိုက်တာ မသိရင် ရှဲလင်းမရှိတဲ့အတိုင်းပဲ။ ရှဲလင်းအတွက်တော့ လူတယောက်က ဟိုတယ်အခန်းထဲကစောင်တွေကို သေသေချာချာသပ်သပ်ရပ်ရပ်ဖြစ်အောင် ခေါက်နေတာကိုတွေ့တာ ပထမဆုံးပဲ။
ရှဲလင်းကစစ်သားတွေကိုလေးစားတယ် အဲ့တာမလို့ သူ့ညီမှာဒီလိုအလေ့အကျင့်ရှိတာ တွေ့ရတော့ သူ့စိတ်အနေအထားပိုကောင်း လာပြီး သူ့ညီကိုကြည့်ရတာ ပိုပြီးစိတ်တိုင်းကျသွားတယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now