Chapter 25

2.4K 449 45
                                    

Unicode

Ch-25 အရိုးတွေကျိုးသွားသည့်အလှလေး

ရဲစခန်းက ဘယ်နေရာမှာ လူတစ်စုက တရားမဝင်​ကားမောင်းပြိုင်ပွဲ လုပ်နေတယ်ဆိုပြီး အကြောင်းကြားစာရတော့
ကင်းလှည့်အဖွဲ့ကို သွားခိုင်းဖို့ပြင်ပြီးသွားပြီ။ သို့ပေမဲ့ တည်နေရာက Mid-levels ထဲမှာဆိုတော့ အဲ့နေရာကို
သွားဖို့အချိန်ကြာမယ်ဆိုတာ သူတို့သိသည်။

ကျိုးရှန်ကလည်း ရုံကျင်းနည်းတူ တူညီတဲ့အကြောင်းကို တိုင်ကြားလိုက်တော့ ရဲစခန်းက ချက်ချင်းပဲ သတိထားမိသွားပြီး ယာဥ်ထိန်းရဲဌာနနှင့်ယာယီ ပူးပေါင်းလိုက်သည်။ နေရာနဲ့အနီးဆုံးဖြစ်သည့် အရက်မူးပြီး ကားမောင်းသည့်ဖြစ်ရပ်တွေကို တာဝန်ယူရသည့် ရဲစခန်းကို အခြေအနေတွေကို အရင်ဆုံးသွားကြည့်ပေးဖို့ ပြောလိုက်သည်။ 

ဖြစ်ပွားရာနေရာက လူတွေက ယာဥ်ထိန်းရဲမေးမြန်းနေတာကိုခံနေရတော့ အရမ်းကိုစိတ်လှုပ်ရှားနေကြတယ်။ ထိုအချိန်တွင် ကောင်းကင်ထက်ကနေ အင်ဂျင်စက်သံအကျယ်ကြီးကို ကြားလိုက်ရသည်။ ရဟတ်ယာဥ်ပေါ်ကနေ အောက်ကိုငုံ့ကြည့်လိုက်မယ်ဆိုရင် မြေပြင်ပေါ်က ပရမ်းပတာအခြေအနေကို မြင်တွေ့နိုင်သည်။ 

ရဟတ်ယာဥ်က သူတို့ခေါင်းပေါ်မှာ ဝဲနေတာကိုကြည့်တော့ လူတွေအားလုံး ပါးစပ်တွေအဟောင်းသားနဲ့ ထိတ်လန့်တကြား အပေါ်ကိုမော့ကြည့်နေကြပြီး တွေးလိုက်ကြတယ် ' အဲ့တာက ဘာကြီးလဲ! တစ်ယောက်ယောက်က လျို့ဝှက်စစ်ဆင်ရေးကားတွေများ ရိုက်နေလို့လား... ငါတို့က ဒီမှာလာပြီးပျော်ပါးကြရုံပဲကို။ ထောင်ထဲမသွားချင်ဘူးနော်... ''

သခင်လေးရုံကျင်းရဲ့စကားကြောင့် ကျိုးရှန် ဖြစ်ပွားတဲ့နေရာကို တတ်နိုင်သမျှ အမြန်ဆုံးရောက်အောင် လာခဲ့၏။ ဒါပေမယ့် သူရောက်လာတာ
ယာဥ်ထိန်းရဲထက်တော့ နောက်ကျသည်။

သူလော်စပီကာကိုသုံးပြီး အခု မြေပြင်ကနေသူ့ကိုမော့ကြည့်နေတဲ့ရှဲလင်းကို လှမ်းအော်လိုက်တယ် '' ဘော့စ်ရှဲ အခုလက်ရှိနေရာမှာပဲနေနေပါ!
မလှုပ်လိုက်နဲ့! ''

ရှဲလင်းတစ်ယောက် မလှုပ်ဘဲ
ကူကယ်ရာမဲ့စွာ ရဟတ်ယာဥ်ကိုပဲ မော့ကြည့်နေလိုက်သည်။ အခုလက်ရှိ ကြောင်တောင်တောင် အခြေအနေရဲ့ နောက်ကွယ်ကလူကို သူခန့်မှန်းကြည့်လို့ရသည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now