Chapter 14

2.9K 589 35
                                    

Unicode

Ch-14 သူ့ကိုရှာတွေ့ပြီ!

ဘော့စ်လုပ်ခိုင်းတဲ့ကိစ္စက နည်းနည်း ထူးဆန်းတယ်ဆိုပေမဲ့ သူ့ဘော့စ် ရှဲလင်းက ပုံမှန်မဟုတ်ဘူးဆိုတာ ကျိုးရှန်သိပြီးသားပဲ။

သူ ရှဲလင်းရဲ့ကမ်းပေးထားတဲ့ တောင့်တင်းတဲ့လက်မောင်းကိုကြည့်ပြီး အသက်ပြင်းပြင်း တချက်ရှုကာ ခပ်ပြင်းပြင်းလေး ဆွဲဆိတ်လိုက်တယ်။

နာသားပဲ ဒါကအိပ်မက်မဟုတ်ဘူးပဲ

ရှဲလင်းရဲ့မျက်နှာအမူအရာက ဘာမှမပြောင်းလဲပေမဲ့ သူ့မျက်လုံးတွေကတော့ အသေအချာကို ထိတ်လန့်နေတယ်။ သူ့နောက်ကပါလာတဲ့ စီမံကိန်းမန်နေဂျာကို သူ့ဒုတိယညီဆုံးခဲ့တဲ့ ငွေကြေးကိုလဲ သူပြန်ခွဲပေးမယ်လို့ သဘောတူတယ်လို့ပြောပြီး ပြန်လွှတ်လိုက်တယ်။

သူဘေးကိုတချက်ကြည့်ရင်း သူနားနေကျအခန်းထဲကိုဝင်ပြီး စောင်အပါးလေးယူပြီး ပြန်ထွက်လာတယ်။

သူငယ်ငယ်တုန်းက သူ့သွေးရင်းညီကလဲ သူ့ကိုအစ်ကိုလို မဆက်ဆံဘူး သူ့အမေကလဲ သူ့ညီကိုမွေးရင်းနဲ့ ဆုံးသွားတယ် ပြီးတော့ သူ့အဖေကလဲ သူ့ချစ်သူကိုပဲ ဂရုစိုက်နေခဲ့တယ် သူညီလေး နောက်တယောက်ရတော့မယ်လို့ သိလိုက်ရတော့ ရုံကျင်းကိုတွေ့ရမယ့်နေ့ကို အမှန်အကန်စောင့်မျှော်နေခဲ့တယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်တွေ့တဲ့အချိန်မှာ သူ့ညီလေးရဲ့အကြည့်တွေက သိသာတဲ့ ကြောက်လန့်မှုနဲ့ စိုးရိမ်ပူပန်နေမှုကို တွေ့လိုက်ရတဲ့ အခိုက်အတန့်မှာ သူတို့နှစ်ယောက်က ဒီဘဝမှာ ညီအစ်ကိုတွေ ဖြစ်လာဖို့ကံပါမလာဘူးလို့ သူ့ကိုယ်သူ ပြောခဲ့တယ်။

ဆယ်နှစ်အတောအတွင်းမှာ သူတို့ တယောက်နဲ့တယောက် ဝေးသထက်ဝေးအောင် တွန်းထုတ်ခဲ့ကြပြီး သူစိမ်းတွေထက်တောင် ပိုဆိုးခဲ့တယ်။

ရှဲလင်း ရုံကျင်းအပေါ်ကို စောင်ပါးလေးကို အသာလေးခြုံပေးလိုက်ပြီး ကြည့်နေတယ်။
ရုံကျင်းက စောင်ပွပွကြီးထဲမှာ ထုပ်ထားတဲ့ ကလေးလေးလိုပဲ။ သူ့အမူအရာက အရင်က သူတို့တွေ့တိုင်း ​ရှိနေတဲ့မှုန်တေတေ မျက်နှာထားလိုမဟုတ်ဘဲ အရမ်းနူးညံ့သိမ်မွေ့နေတယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now