Chapter 30.2

2.3K 386 11
                                    

Unicode

Ch-30.2 ခါးသက်ချိုမြိန်သော

ဓာတ်ပုံတွေ သူ့မျက်စိရှေ့ကနေ ပျောက်ကွယ်သွားတာကို ကြည့်နေရင်း ကုရှီရဲ့လက်ချောင်းတွေ အနည်းငယ် တုန်ရီနေသည်။ သူ့ရင်ထဲက ခံစားချက်တွေ ပြင်းထန်လာတာမို့ သူ့မျက်တောင်တွေလည်းပဲ တဆတ်ဆတ်တုန်နေသည်။

ပုံတွေက အတုပဲဖြစ်ဖြစ် ၊ အစစ်ပဲဖြစ်ဖြစ် အဲ့လိုဓာတ်ပုံတွေကို ကြည့်တာနဲ့တင် အတော်လေး ထိတ်လန့်ဖို့ကောင်းနေပြီဆိုတာ ရုံကျင်းသိသည်။

ရုံကျင်း '' မကြောက်ပါနဲ့ ''

၎င်းက တိုတောင်းပေမယ့် လူတစ်ယောက်ရဲ့ စိတ်ကို အေးချမ်းသွားအောင် လုပ်ဆောင်နိုင်စွမ်းရှိသည့် အစွမ်းထက်လှသည့် စကားတစ်ခွန်းဖြစ်သည်။

ကုရှီ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။ သူ​ကြောက်မနေဘူး။ အဲ့အစား
သူခံစားနေရတာက အမုန်းတရားဖြစ်သည်။ သူအဲ့ဒီလူယုတ်မာတွေကို မုန်းတယ်... ဒါမဲ့ အဲ့ဒီလူတွေဆီကနေ သူ့ကိုယ်သူမကာကွယ်နိုင်တာကို ပိုပြီးမုန်းသည်။

ကုရှီကို ဖုန်း​လေး သူ့ကို ပေးလို့ရမလားလို့ ရုံကျင်း မေးလိုက်သည် '' ကျွန်တော်တစ်ချက်လောက်စစ်ကြည့်မယ် အဲ့မက်ဆေ့ချ်ဘယ်ကပို့လာလဲဆိုတာ... ကျွန်တော်တစ်ခုခုတွေ့မယ်လို့တော့ အာမ,မခံနိုင်ပေမယ့်... ''

ကုရှီက ဖုန်းကို ပစ်ခွဲပြီးလွှတ်ပစ်ဖို့ လုပ်ချင်ပေမယ့် ရုံကျင်း ထပ်ရှင်းပြတာကို နားမထောင်ချင်တော့တာမို့ ဖုန်းပေးလိုက်သည်။

ကုရှီသုံးသည့်ဖုန်းက နောက်ဆုံးပေါ် မော်ဒယ်တွေထဲကဖြစ်သည်။ ဖုန်းထဲက app တွေနဲ့ wallpaper တွေက နဂိုမူလအတိုင်းပဲ ရှိနေတာမလို့ ဒီဖုန်းက အသစ်ကြီးပဲရှိသေးသည်။ တစ်ခုပဲ... ထူးဆန်းသည့် memory card က ဖုန်းထဲမှာ ရှိနေသည်။

ဒီအဖြစ်အပျက်က အမျိုးသားဇာတ်လိုက်တွေထဲက တစ်ယောက်ယောက်လက်ချက်ပဲ ဖြစ်ရမယ်လို့ ရုံကျင်းအကျဥ်းဖျဥ်း ခန့်မှန်းမိသည်။ သူတို့ထဲက တစ်ယောက်က ဒီလိုကိစ္စမျိုးကို လုပ်နိုင်စွမ်းရှိတဲ့အပြင် သူ့ကိုယ်သူ ကောင်းကောင်းကြီး ဖုံးကွယ်ထားပြီး ကုရှီကို အခက်အခဲတွေကြားထဲ ရောက်အောင် တွန်းပို့နိုင်စွမ်းရှိနေသေးသည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now