Chapter 36.2

2K 373 25
                                    

Unicode

Ch-36.2

ရုံကျင်းခဏတုန်းကအထိတ်တလန့်ဖြစ်နေတာတောင်မှ ပြန်ပါအောင်ယူလာနိုင်ခဲ့တဲ့ဖုန်းကိုထုတ်လိုက်သည်။ သူကျိုးရှန်ဆီ WeChat မက့်ဆေ့စ်ပို့လိုက်သည် : Omega တွေ
heat ဖြစ်နေတဲ့အချိန်မှာ တားဆေးသုံးရင်အရမ်းနာမှာလား?

အရာရာတွင်နှံ့စပ်ကျွမ်းကျင်လှသည့်စွယ်စုံကျမ်းကြီး အမောင်ကျိုးရှန်ကစာပြန်ပို့သည် : သေလောက်အောင်အရမ်းနာကျင်တာပါ။ ဒီလိုပါ... လူတစ်ယောက်ရဲ့ heat က ပုံမှန်ဇီဝကမ္မဖြစ်စဥ်တစ်ခုပါပဲ။ အကယ်၍ အခုတားဆေးကိုသုံးလိုက်မယ်ဆိုရင် အဲ့ဖြစ်စဥ်ကိုအတင်းအကျပ်ဖိနှိပ်လိုက်တာနဲ့အတူတူပဲမလား? မနာဘဲဘယ်နေပါ့မလဲ? တားဆေးသုံးပြီးသွားရင်လည်း ဘေးထွက်ဆိုးကျိုးတွေအများကြီးရှိသေးတယ်- heat ကစဥ့်ကလျားဖြစ်တာ ၊ heat ကြောင့်နာကျင်ကိုက်ခဲမှုနဲ့ တခြားအများကြီးရှိသေးတယ်

ရုံကျင်း : တကယ်လို့တားဆေးအများကြီးကို တစ်ခါတည်းသုံးလိုက်ရင်ရော?

ကျိုးရှန် : အဲ့ဒါကကိုယ့်ကိုကိုယ်သေကြောင်းကြံနေသလိုပဲ။ အဲ့လိုသုံးလိုက်ရင် စိတ်ဖိစီးလာလိမ့်မယ်။ အခြေအနေတွေကအဆိုးဆုံးဖြစ်လာရင် ဆေးရုံကိုသွားဖို့လိုလိမ့်မယ်။

အဲ့ကျမှပဲ ကုရှီရဲ့လက်ရှိအခြေအနေကအရေးကြီးနေမှန်း ရုံကျင်းသဘောပေါက်သွားသည်။ သူစိတ်ညစ်ညစ်နဲ့ဆံပင်တွေဆောင့်ဆွဲမိ၏။ သူ့ကိုယ်သူစိတ်တည်ငြိမ်အောင်အမြန်ဆုံးလုပ်ဖို့အတွက် သူ့အစ်ကိုရှဲလင်းဆီဖုန်းဆက်ဖို့ဆုံးဖြတ်လိုက်သည်။ ဖုန်းဝင်သွားတာနဲ့ '' အစ်ကို... ဒီအိမ်ရဲ့အတွင်းပိုင်းဒီဇိုင်းကအရမ်းကောင်းတာပဲ... ဘယ်သူဒီဇိုင်းဆွဲပေးထားတာလဲ? '' ဟုတန်းပြောလိုက်၏။

ရှဲလင်းသည်အခုလောလောဆယ် သူ့အဖိုး, လောင်ရှဲနေထိုင်သည့်ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွင် ရှိနေတာဖြစ်သည်။ လောင်ရှဲသည်အသက်ရှုစက်တပ်ထားရသည်။ မျက်လုံးတွေမှိတ်ထားပြီး ရံဖန်ရံခါမျှသာနိုးလာတတ်သည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now