Chapter 32.1

2K 362 13
                                    

Unicode

Ch-32.1

ဓာတ်လှေကားထဲက သတ်လတ်ပိုင်းအမျိုးသားနှစ်ဦးက နောက်လှည့်ကြည့်လိုက်တော့ အရပ်မြင့်မြင့် ချောမောသည့်လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ ဒီလူငယ်က အေးဂျင့်တစ်ယောက်ယောက်က တွေ့ထားတဲ့ တက်သစ်စသရုပ်ဆောင်ဖြစ်မယ်လို့ သူတို့ထင်လိုက်သည်။ ဒါကြောင့် ကျားတွေကိုမကြောက်တတ်သေးတဲ့ ဒီမွေးကင်းစအကောင်ပေါက်ကို လျစ်လျူရှကာ အဲ့အစား လူငယ်ဘေးက အတွင်းရေးမှူးလီစီးကိုသာ နှုတ်ဆက်လိုက်ကြသည်။

လီစီးကငယ်ရွယ်ပြီး ကုမ္မဏီမှာရာထူးကြီးကြီးမားမားမရှိပေမယ့် သူဌေးနဲ့အနီးကပ် အလုပ်လုပ်နေရတဲ့သူတွေထဲက တစ်ယောက်ဖြစ်၏။ ကျိန်းသေပေါက် ဘော့စ်နဲ့စကားပြောရမှာပဲ။ အတွေ့အကြုံရင့်သူတွေဖြစ်သည့်အလျောက် ပြောဆိုဆက်ဆံမှုက အရေးကြီးတယ်ဆိုတာ သူတို့သိပြီးသားဖြစ်သည်။

'' ကောင်လေး... အင်တာတိန်းမန့်ဌာနက ဒီအထပ်မဟုတ်ဘူး။ အရင်ဆုံး မင်းအေးဂျင့်ကို သွားရှာလိုက်ဦး။ လျှောက်ပတ်ကြည့်မနေနဲ့... တခြားဌာနတွေ အနှောင့်အယှက်ဖြစ်လိမ့်မယ် '' တစ်ယောက်က စေတနာဖြင့်အကြံပေးသည်။

ဒီလောက်ထိကြီးမားလှသည့်အဆောက်အအုံထဲတွင် ရှဲလုပ်ငန်းစု၏အင်တာတိန်းမန့်ဌာနက အထပ်တစ်ထပ်သာရှိသည်။ ၎င်း၏ရုံးချုပ်နဲ့လေ့ကျင့်ရေးသင်တန်းကျောင်းက တခြားတန်ဖိုးနည်းသည့် တည်နေရာတွင် ဆောက်လုပ်ထားသည့်အဆောက်အဦးတွင်တည်ရှိသည်။ ရုံးချုပ်ကနေ သရုပ်ဆောင်အများစုက သူတို့စာချုပ်ချုပ်ဖို့ ညွှန်ကြားချက်ရမှ ဒီကိုလာကြတာ။

သူတို့ဒီလိုပြောရတာလည်း အကြောင်းရှိတယ်။ မနှစ်ကတစ်နှစ်လုံး အနုပညာလောကတစ်ခုလုံး အတော်လေးဒုက္ခရောက်ခဲ့သည်။ အဲ့ဒါကြောင့် အထက်ကလူကြီးတွေက နှစ်လည်လောက်မှာ အင်တာတိန်းမန့်ဌာနရဲ့အသုံးစရိတ်ကိုလျော့ချပစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ဒီလိုလျော့ချပစ်လိုက်တာက ဘယ်လောက်ထိကြာမယ်မှန်း မသိရသေးဘူး။ အင်တာတိန်းမန့်ဌာနက အခုထိဝင်ငွေတိုးတက်အောင်မလုပ်နိုင်သေးဘူး...အဲ့တာကြောင့် တခြားဌာနတွေရှေ့မှာ တတ်နိုင်သမျှ နှိမ့်ချနေနေရသည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now