Chapter 28.1

2.1K 371 6
                                    

Unicode

Ch-28.1 Ehhh??

ထိုအသံဟာ ကမ်းပါးအစွန်းလေးပေါ်သို့ နှင်းပွင့်လေး တစ်ပွင့် ပြုတ်ကျလာသကဲ့သို့ နှလုံးသား၏ ထိပ်ဖျားလေးကို ညင်သာစွာ ရိုက်ခတ်သွားလေသည်။ သို့ပေမဲ့ နှင်းပွင့်လေးကတော့ အသံပိုင်ရှင်လောက် စိတ်ကူးယဥ်မဆန်ပေ။

သူ ငါ့ကိုပြောနေတာလား

ရုံကျင်း သူ၏စိုရွှဲနေသည့်မျက်နှာကို မော့လိုက်တော့ သူ့မျက်တောင်မွှေးတွေဟာ ရေတွေနဲ့ တလက်လက် တောက်ပနေသည်။ သူ့ဘေးနားကို ရင်းနှီးနေသည့်ပုံရိပ်တစ်ခု ရောက်လာသည်။ ထိုသူက သူ့ဘာသာ လက်ကိုဆေးနေပြီး သူ့ကိုကြည့်မနေပေ။ သူတို့ဘေးမှာလည်း တခြားသူတစ်ယောက်မှ ရှိမနေဘူး။ မနက်ပိုင်း လူရွေးပွဲကလည်း ပြီးခါနီးနေပြီ။

ကုရှီ မှန်အောက်ခြေရှိ တစ်ရှူးဘူးထဲကနေ တစ်ရှူးအနည်းငယ် ဆွဲထုတ်လိုက်ပြီး လက်သုတ်နေရင်း ရုံကျင်းက သူ့ကိုငေးကြည့်နေတာကို မြင်လိုက်ရသည်။ သူ တစ်ရှူးအနည်းငယ် ထပ်ထုတ်လိုက်ပြီး သူ့(ရုံကျင်း) ကို ပေးလိုက်သည်။

ရုံကျင်း တစ်ရှူးတွေကို ယူလိုက်သည်
သူ့ပုံစံက သတိထားနေပုံပေါ်ပေမယ့် တလေးတစားပုံလည်း ပေါက်နေသည်။

ကုရှီ ကြက်သေသေနေသည့် ရုံကျင်းကို ကြည့်လိုက်ပြီး အပြုံးဖြင့် '' အနည်းဆုံးတော့ ငါက ကင်မရာထက် ပိုပြီးလှတယ်လို့ ထင်တယ်။ အဲ့တာကို အာရုံစိုက်နေတာထက် မင်းရှေ့မှာ သရုပ်ဆောင်နေမယ့်သူကို ကြည့်နေတာက ပိုမကောင်းဘူးလား ''

သေချာတာပေါ့... သူ့ကိုယ်သူ ပိုလှတယ်လို့ပြောတာကတော့ ရယ်စရာပြောလိုက်တာပေါ့။ သူဒီနည်းလမ်းကို သုံးပြီး ရုံကျင်းကို စိတ်ငြိမ်သွားစေချင်တာ။ ကုရှီအမြင်မှာ သက်ရှိတွေက သက်မဲ့အရာဝတ္ထုတွေထက် ပိုပြီးအရေးပါသည်။

တကယ်တော့ ဒီလိုအခြေအနေမျိုးမှာ မူလပိုင်ရှင် ဘယ်လိုခံစားနေရမလဲဆိုတာကို ရုံကျင်း သိပ်ပြီးဂရုမစိုက်ခဲ့ဘူး... ပြီးတော့ သူ့ကို်ယ်တိုင် မကြုံတွေ့ခင်အထိ မူလပိုင်ရှင်က ကင်မရာကိုတွေ့တာနဲ့ ဒီလိုတုံ့ပြန်လိမ့်မယ့်လို့ သူမထင်ထားဘူးလေ။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now