Chapter 26.1

2.2K 425 4
                                    

Unicode

Ch-26.1 အကယ်၍ ငါသာရုံကျင်းနဲ့ ရေထဲတူတူကျသွားရင် မင်းဘယ်သူ့ကိုကယ်မှာလဲ

ကုရှီ သူ့မျက်လုံးတွေကိုပြန်မှိတ်လိုက်ပြီး အိစက်နေတဲ့ခေါင်းအုံးပေါ်သို့ လှဲချလိုက်တယ်။ တကယ်တော့ ကုရှီမှာ neurasthenia ရှိတယ်... အဲ့ဒါက သူရဲ့အလုပ်ပတ်ဝန်းကျင်ဖိအားကြောင့်လို့ ဆရာဝန်ကပြောတယ်။ အမှန်တော့ အနုပညာလောကက လူအများစုက မနားတမ်းအလုပ်လုပ်နေကြတာ။ သူတို့လည်းပဲ neurasthenia ဖြစ်နိုင်တာပဲ။ တစ်နည်းအားဖြင့် ဒါကလုပ်ငန်းခွင်နဲ့ ဆိုင်တဲ့ရောဂါတစ်မျိုးလို့ ပြောလို့ရသည်။ 
(neurasthenia-အာရုံကြောတစ်လျှောက် နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အားယုတ်ခြင်း )

ပုံမှန်ဆို ကုရှီကအိပ်ဆေးသောက်ပြီး အိပ်နေကျ ဒါပေမယ့် ဒီနေ့တော့ သူအရမ်းပင်ပန်းနေတာမလို့ ဆေးမသောက်တော့တာ။ ကံဆိုးချက်ကတော့ သူ့ဘေးအခန်းက သူအိပ်တာကို နှောင့်ယှက်နေသည်။ 

သူပြန်အိပ်ဖို့ကြိုးစားလိုက်ပေမယ့် မျက်လုံးကျယ်သွားပြီ။

အမှန်စင်စစ် ဟိုတယ်ရဲ့အသံစနစ်က  
အရမ်းကောင်း၏။ ပုံမှန်အခြေအနေမျိုးမှာဆိုရင် ဘေးအခန်းတွေက အသံကိုကြားဖို့ကမဖြစ်နိုင်ဘူး။ ကုရှီ ပြတင်းပေါက်တွေကို ကြည့်မိတော့မှ အဲ့တာတွေကပွင့်နေတာကို သိလိုက်တယ်။ အစောပိုင်းက သူအရမ်းအိပ်ချင်နေတာနဲ့ ပြတင်းပေါက်တွေပိတ်ဖို့ မေ့သွားတာပဲ။

သူအိပ်ရာပေါ်မှာလှဲနေရင်း အကြော်ခံရတဲ့ငါးလိုမျိုး ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ လုပ်နေတယ် ဒါမဲ့ မကြာခင်မှာပဲ သူ့ဆံပင်တွေကို ဒေါသတကြီး ဆွဲဖွလိုက်ပြီး '' အား... ''

ငါအိပ်လို့မရတော့ဘူး... ထတာပဲ ကောင်းတယ်

သူအခန်းဝန်ဆောင်မှုကို ခေါ်လိုက်သည်။ ဒီဟိုတယ်မှာ အရမ်းကိုကောင်းမွန်တဲ့ online ဝန်ဆောင်မှုရှိသည်။ QR code ကို scan ဖတ်လိုက်ပြီး Shu Uemura မိတ်ကပ် set နဲ့ မိတ်ကပ်ဖျက်ဆေး မှာလိုက်သည်။
သူ့မျက်နှာပေါ်က အထူးမိတ်ကပ်က ရေစိုခံဆိုတော့ ရေနဲ့ဆေးလို့တော့ ပြောင်မှာမဟုတ်ဘူး။ 

သရုပ်ဆောင်တွေအတွက် အခြေခံစည်းကမ်းက ညအိပ်ရာမဝင်ခင် ဖြစ်နိုင်ရင် မျက်နှာသစ်ရမယ် မဟုတ်ရင် 
သူလျစ်လျူရှုမိလို့ သူ့မျက်နှာက ကောင်းကောင်းကြီး ပြဿနာတက်လိမ့်မယ်။

Hold On,You're Something Else [Myanmar Translation]Donde viven las historias. Descúbrelo ahora