Chapter 1

9.4K 803 14
                                    

Unicode

Ch-1 အိမ်သာကခြောက်လုံးတောင်! အဓိပ္ပါယ်ရောရှိရဲ့လား?

နေ့လည်ခင်းနေ့ရဲ့နွေးထွေးပြီးရွှေဝါရောင်
အလားတောက်ပနေတဲ့နေရောင်ခြည်က
ပြင်သစ်ပြတင်းပေါက်ထဲကို ဖြတ်ကျော်ကာ
မှေးနေတဲ့လူတယောက်ပေါ်ကို ဖြာကျလျက်
ရှိနေသည်။ ပါးလွှာတဲ့ဖုန်မှုန့်လေးတွေက ငွေရောင်အမှုန်လေးတွေ တလက်လက်တောက်ပနေသလိုမျိုး
ကြမ်းပြင်ပေါ်ကိုဖြာကျနေတယ်။

ထိုလူကအရပ်တော်တော်ရှည်တယ် အဲ့တာမို့
သူ့ထိုင်ခုံပေါ်မှာသေသေချာချာထိုင်မိအောင်
ကြိုးစားထားတယ်။ သူကတီရှုပ်အဟောင်းနဲ့
ကွင်းထိုးဖိနပ်စီးထားတယ်။ သူ့ခြေအိတ်မှာ အပေါက်တချို့ရှိနေပေမယ့် သူ့ပုံကခက်ခဲနေတဲ့ပုံပေါက်မနေဘူး။ အဲ့အစား သူ့ကြည့်ရတာတည်ငြိမ်ပြီး အေးစက်တဲ့ပုံပေါက်တယ်။

ဒါပေမဲ့ အလင်းရောင်မှာသေချာကြည့်ရင်
တော့ ထိုသူ့ရဲ့မျက်ကွင်းညိုနေတာကို မြင်နိုင်လေသည်။

စားပွဲထိုးက သူ့ဘေးကဖြတ်သွားရင်တောင်
သူ့ကိုနှောင့်ယှက်မိမှာစိုးလို့ သတိထားပြီး ခြေဖျားထောက်သွားတယ်။ ဒါမဲ့ ရုတ်တရတ်ကြီး ဆိုင်ထဲကအကောင်လေး
တွေကတော့ သူ့ပေါင်ပေါ်ကိုတက်ဖို့အတွက်
အလုအယက်ကုတ်တက်နေသည်။ သူတို့အမွှေးတွေရဲ့အထိအတွေ့ကြောင့်
ရုံကျင်းနိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်
တော့ သူ့ခြေထောက်နားမှာ ကြောင်တွေ
အော်နေတာကိုတွေ့လိုက်ရတယ်။

သူအခုရောက်နေတာက အမျိုးအစားစုံလင်
တဲ့ကြောင်မျိုးစုံတို့ရှိရာ ကြောင်ကဖေးပင်။
တကယ်လို့ ကြောင်ချစ်သူတယောက်သာ
ဒီနေရာကိုရောက်လာမယ်ဆိုရင် ဒီနေရာကို
နတ်ပြည်လို့သာတင်စားလို့ရပေသည်။

ဒါပေမဲ့ ကြောင်တွေနဲ့ဓာတ်မတည့်တဲ့ ရုံကျင်း
အတွက်ကတော့ ဒါကသက်သက်နှိပ်စက်နေ
သလိုပဲ။

သူနဲ့တွေ့ဖို့ချိန်းထားတဲ့သူက ဒီနေရာကိုလာဖို့
ပြောတော့လည်း သူ့မှာရွေးစရာမရှိဘဲ လာရတာဖြစ်သည်။

ခွေးခြေရဲ့အကူနဲ့ သူ့ပေါင်ပေါ်ရောက်အောင်
တက်လာတဲ့ chinchilla ကြောင်ကို ရုံကျင်း
ကြည့်လိုက်တယ်။ နောက်တော့ သူ့လက်မောင်းပေါ်ကအနီရောင်အကွက်တွေ
ပေါ်ကို အကြည့်ရောက်သွားတယ်။ သူအိပ်မပျော်သွားခင်တုံးက စားပွဲထိုးဆီက
ဓာတ်မတည့်တာအတွက် ဆေးတောင်းသောက်ထားပေမဲ့လည်း
အသုံးဝင်ပုံမပေါ်ဘူး။

Hold On,You're Something Else [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang