Chapter 34.1

1.7K 350 9
                                    

Unicode

Ch-34.1

ဘာပဲဖြစ်ဖြစ် ရုံကျင်း၏မျက်နှာက ခံစားချက်ကင်းမဲ့နေ၏။ သူရဲ့ပုံမှန် နူးညံ့သိမ်မွေ့သည့်စိတ်ကို အခုဘယ်မှာမှမတွေ့တော့ပေ။

ဝူဖူယွီက ရုံကျင်းကို နီးနီးကပ်ကပ်ဖြင့် စိုက်ကြည့်နေကာ သူ့အသက်ရှုသံပြောင်းလဲသွားတာကို ခံစားမိလိုက်သည်။ ရုတ်တရတ်
သူ့နှလုံးခုန်သံက တဖြည်းဖြည်းနဲ့ ပိုပြီးမြန်ဆန်လာသည်။ ရုံကျင်းရဲ့နှုတ်ခမ်းက အရမ်းကိုပါးပါးလေးဖြစ်ပြီး အရောင်ဖျော့သည်။ အဲ့လိုနှုတ်ခမ်းမျိုးရှိတဲ့လူတွေက စိတ်အပြောင်းအလဲအရမ်းမြန်ပြီး ခပ်တန်းတန်းဖြင့်သီးသန့်ဆန်ကြတယ်လို့ သူကြားဖူးတယ်။

ရုံကျင်း၏နှာတံလေးက စင်းနေကာ ကောက်ကြောင်းက ပြေပြစ်လှသည်။ အဲ့လိုနှာခေါင်းမျိုးရှိတဲ့သူတွေက လိင်စိတ်ဆန္ဒအရမ်းပြင်းထန်ကြတယ်လို့လည်း သူကြားဖူးတယ်။

ဝူဖူယွီ၏မျက်လုံးတွေထဲမှာ လိင်တူတွဲဖက်မှုကို ငြင်းဆန်သည့်အရိပ်အယောင်တွေရှိနေသော်ငြား ၎င်းအကြည့်တွေထဲမှာပဲ သိချင်စိတ်ပြင်းပြနေသည့် အရိပ်အယောင်တွေလည်း ရောနှောနေတာကို သူကိုယ်တိုင်သတိမထားမိဘူး။ ဘာနဲ့တူလဲဆိုရင် မဝင်ရဘူးလို့တားမြစ်ထားမှန်း သူသိထားသည့် တံခါးတစ်ချပ်ကိုမြင်နေသလိုပဲ။ ရွံရှာမှုနဲ့စူးစမ်းချင်စိတ်နှစ်မျိုးစလုံးကို သူခံစားနေရသည်။

သူကအမြဲတမ်း တည့်တိုးသမားဖြစ်သည်။ တစ်ခုခုကိုသိချင်ပြီဆိုရင် ကိစ္စတွေကိုဝေ့ဝိုက်ပြီး ရှုပ်ထွေးအောင်လုပ်မနေဘဲ ဒီတိုင်းမေးချလိုက်တာပဲ။

ရုံကျင်း တကယ်ပဲသူ့ကိုကြိုက်​နေလားဆိုတာ သူအရမ်းကြီးသေချာနေတာတော့မဟုတ်ဘူး။ တကယ်လို့ သူမကြိုက်ဘူးဆိုရင်လဲ အဲ့နေ့ကညစာစားပွဲမှာ ဘာလို့သူ့ကိုအဲ့လိုလာကြည့်တာလဲ? သူ့ညီလေးကိုဘာလို့အဲ့လိုလာကြည့်တာလဲလို့? သူအဲ့တာကို အရမ်းကိုသိချင်နေပေမယ့် သေချာမစဥ်းစားရသေးဘူး။

သူတို့နှုတ်ခမ်းတွေ တဖြည်းဖြည်း ပိုမိုနီးကပ်လာချိန်မှာ ရုံကျင်း၏အမူအရာက ချက်ချင်း ပြောင်းသွားတော့သည်။ သူ့အကြည့်တွေက စူးရှသွား၏။ သူရဲ့သန်မာသည့်လက်မောင်းတစ်ဖက်က ချက်ချင်း တစ်ဖက်လူ၏လက်မောင်းကိုဆွဲလိမ်လိုက်ကာ ဒူးဖြင့်တိုက်လိုက်သည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now