Chapter 3.2

3.5K 573 1
                                    

Unicode

Ch-3.2 Erguotou ဆယ်ပုလင်း

မန်နေဂျာကထိုစကားလုံးကို ကြားဖူးသလို ရှိပေမဲ့ အဓိပ္ပါယ်ကိုတော့ မမှတ်မိဘူး။

သူ့မန်နေဂျာရဲ့နဖူးကို ခေါက်ရင်း အသာ ရယ်လိုက်တယ် '' ငါတို့ရဲ့ယဥ်ကျေးမှုနဲ့ ပတ်သက်တဲ့ အယူအဆတွေကို လေ့လာထားပါလို့ ငါမပြောဘူးလား? ''

Alphas တွေက သဘာဝအလျောက် တခြားလိင်အမျိုးအစားတွေထက်
ကိုယ်ထည်ပိုင်း,ကိုယ်ခန္တာအတွင်း cellular activities နဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ပိုင်း တွေမှာ အများကြီးသာလွန်တယ်။ ဒါပေမဲ့ အဲ့အားသာချက်တွေမှာလဲ အကျိုးဆက်တွေ ရှိတယ်_ ဥပမာ အရမ်းတက်ကြွလွန်းနေတာ မျိုးတွေ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေနဲ့ ဝန်ပိနေတာမျိုးတွေ ဖြစ်လွယ်တယ်။

ထူးကဲတဲ့alphas တွေဒေါသထွက်ပြီဆိုရင်
သူတို့ cells တွေရဲ့ ပုံမှန်လည်ပတ်မှုတွေက နှောင့်ယှက်ခြင်းခံရပြီး သူတို့ကိုယ်တွင်းမှာ
ပရမ်းပတာဖြစ်စေတယ်။ ဦးနှောက်ဆီ သွေးလည်ပတ်မှုမြန်လွန်းရင် ခန္တာကိုယ်တွင်းက သွေးတွင်းအဆီတွေကို
လျော့ကျစေပြီး အဆိပ်အတောက်နဲ့ သွေးကြောဖိအားတွေကို တိုးလာနိုင်တယ်။

ဒါဆို ဒေါသကြောင့်ဦးနှောက်ပျက်နိုင်တယ် ဆိုတာ အလိမ်အညာမဟုတ်ဖူးပဲ။
(brain hypoxic - ဦးနှောက်ကို အောက်ဆီဂျင်လုံလုံလောက်လောက်မရတဲ့ အချိန်ကိုပြောတာပါ။ အောက်ဆီဂျင်ပြတ်ပြီး
5မိနစ်အကြာဆိုရင် ပြင်းထန်တဲ့ဦးနှောက် ထိခိုက်မှု ဒါမှမဟုတ် သေတဲ့အထိပြင်းထန် ပါတယ်- From Google)

Alphas တွေက သူတို့ကိုယ်သူတို့ ထိန်းသိမ်းဖို့အတွက်သင်ယူဖို့လိုတယ် မဟုတ်ရင် သူတို့ရဲ့ phenomenon တွေက အချိန်နဲ့အမျှ ပြင်းထန်လာလိမ့်မယ်

အရင်ခေတ်တွေတုန်းကဆိုရင် အရွယ်ရောက်ပြီးသား alphas တွေက အငယ်တွေကို သူတို့ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းရမလဲဆိုတာ သူတို့ရဲ့ဒေါသတွေကို ချီအဖြစ်ဘယ်လို ပြောင်းလဲရမလဲ ပြီးတော့ သူတို့ကိုယ်ရဲ့ ဟန်ချက်ညီအောင် အဲ့ချီကိုကိုယ်ထဲက ဘယ်လိုထုတ်ရမလဲဆိုတာတွေ သင်ကြားပေးတယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now