Chapter 24.1

2K 384 1
                                    

Unicode

Ch-24.1 ငါနောက်ကျသွားပြီလား

Beep—

ရုံကျင်း ဖုန်းကိုကိုင်ထားရင်း တောင့်တင်းနေသည့်မျက်နှာထားဖြင့် 
ရှေ့တည့်တည့်ကိုသာ စူးစိုက်ကြည့်နေသည် ခုနက ပျင်းရိနေသည့်အမူအရာလည်း
လုံးဝကို ပျောက်ကွယ်သွားသည်။ 

အစ်ကို... ဖုန်းကိုင်စမ်းပါ...

သူ့တစ်ကိုယ်လုံး  တောင့်တင်းလာပြီး သူ့နဖူးထက်မှာ ချွေးသီးချွေးပေါက်တွေ ထွက်လာသည်။ အချိန်တွေ ကုန်သွားပေမယ့် အဖြေပြန်မရဘူး။ ဖုန်းထဲက အမျိုးသမီးအသံက ဆက်လက်ပေါ်ထွက်နေဆဲပဲ : လူကြီးမင်း ခေါ်ဆိုနေသောဖုန်းနံပါတ်မှာ ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် 
ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါ။

ဝတ္ထုအတိုင်းဆို သူနဲ့ရှဲလင်း နှစ်ယောက်လုံးက ဇာတ်ရန်တွေပဲ။ သူတို့တွေ ဇာတ်လမ်းထဲမှာ စောစောသေဖို့ ကံပါလာပြီးသား။

ဝတ္ထုရဲ့အစိတ်အပိုင်းအချို့နဲ့ သူ့အရင်ကမ္ဘာက မှတ်ဉာဏ်တချို့ကို သူသတိမရတုန်းက မမြင်နိုင်တဲ့အားတစ်ခုက ရှဲလင်းကို သူမကယ်နိုင်အောင် တားဆီးထားသလိုဖြစ်နေတာကို သူခံစားမိခဲ့သည်။ အခု သူလုပ်နေတဲ့ကိစ္စကလဲ ဒီစိတ်ကူးယဥ်ကမ္ဘာကြီးရဲ့စည်းမျဥ်းကို ချိုးဖောက်နေတာပဲ။

ရုံကျင်းနောက်တစ်ကြိမ် ထပ်ခေါ်လိုက်ပေမယ့် အမျိုးသမီးအသံပဲ ထွက်ပေါ်လာတော့ သူဖုန်းချလိုက်ပြီး ကျိုးရှန်ကိုဖုန်းခေါ်လိုက်သည်။

ကျိုးရှန်က လျင်မြန်စွာဖုန်းပြန်ကိုင်လာသည်။ သူက အခုထိအိမ်မှာသူတို့ရဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ အတိုင်ပင်ခံပို့လာသည့် သုံးနှစ်အတွင်း အလားအလာရှိတဲ့
ဖျော်ဖြေရေးကုမ္ပဏီတွေရဲ့ အကဲဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး စာရွက်စာတမ်းတွေ စီစစ်နေတာ။ 

ရှဲလင်းက ဒီစာရွက်စာတမ်းတွေကို လုံးဝမလိုအပ်ဘူး။ ရှဲကုမ္ပဏီမှာ
အနုပညာလောကအတွက် သီးသန့်ဌာနတစ်ခုရှိပြီးသား။ သူတို့က အရမ်းကောင်းတာမျိုးမဟုတ်ပေမဲ့ မဆိုးပါဘူး လုပ်တာကိုင်တာလဲ အရမ်းကြီးဆိုးတဲ့ထဲမပါဘူး။ သူတို့က အမြတ်ရောအရှုံးရော ရသည်။ အများအားဖြင့် အရှုံးက အရမ်းမများပါဘူး။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now