Chapter 7.2

3K 585 11
                                    

Unicode

Ch-7.2 ငယ်ပေမဲ့ ခေတ်နောက်ကျတယ်

ရှဲလင်းစိတ်ကျေနပ်သွားတယ်။ သူတို့နားက လေထုကကောင်းမွန်နေတယ်။ သူသာမန်ကာလျှံကာမေးလိုက်တယ်
'' မင်းဒီကအစားအစာတွေကို ကြိုက်ရဲ့လား?
မင်းမှာဘာအကြံဉာဏ်တွေ ရှိလဲ? ''

တကယ်တော့ ရုံကျင်းအနေနဲ့ အသုံးဝင်တာမျိုးပြောလိမ့်မယ်လို့ သူမမျှော်လင့်ထားဘူး။ ဘယ်ကနေစပြီး စကားပြောရမလဲ မသိလို့ ဒီတိုင်းပြောလိုက်တာ။

'' ဒီမှာတော်တော်လေးစေ့စေ့စပ်စပ်နဲ့ ဂရုတစိုက်စီမံထားပါတယ်။ ဒီဟိုတယ်ကို တာဝန်ယူတဲ့လူက တကယ့်ကိုအလုပ် ကောင်းကောင်းလုပ်ထားတယ်။ ဟိုတယ်အများစုမှာ တည်ခင်းတဲ့ဘူဖေး တွေက အဓိကအနေနဲ့ အနောက်တိုင်းစတိုင် ဖြစ်ပြီး အနည်းနဲ့အများတော့ တူတူလောက်ပါပဲ။ ဟင်းတွေကအေးသွားရင် စားလို့မကောင်းတော့ဘူး။ ဒါမဲ့ ဒီဟိုတယ်က
တရုတ်ဟင်းလျာစုံစုံလင်လင် ဧည့်ခံထားတယ်။ ပါဝင်ပစ္စည်းတွေက အရမ်းကိုလတ်ဆတ်တယ်။ ဟင်းပွဲတွေရဲ့ အရသာလဲစစ်တယ်။ ကန်တုံသရေစာတွေက တော်တော်လေးလူကြိုက်များတယ်။ ''

သူလူအုပ်ထဲကိုကြည့်နေတုန်း သူသတိထားမိတဲ့ဟာတွေကို ရုံကျင်း ပြောလိုက်တယ်။ ဒီလိုမျိုး သက်တောင့်သက်သာဖြစ်တဲ့အပြင် ကွဲပြားတဲ့မနက်ခင်းတည်ခင်းမှုက အမှန်တကယ်ကို ကောင်းမွန်တယ်။ သူရဲ့တင်းကျိုင်ဆန်ပြုတ်ကို သောက်ရင်း သူဒီတခါတော့ပိုက်ဆံဖြုန်းရကျိုးနပ်တယ် လို့တောင် ခံစားရတယ်။

[Tingzai(တင်းကျိုင်)congee ကို Sampan or Boat congee လို့ခေါ်တယ်။ ဟောင်ကောင်ကနေပေါ်ပေါက်ခဲ့ပြီးတော့ လှေမှာနေထိုင်တဲ့မိသားစုတွေက ပင်လယ်ထဲကရတဲ့ ပစ္စည်းတွေနဲ့ ချက်ကြတာဖြစ်ပါတယ်]

[Tingzai(တင်းကျိုင်)congee ကို Sampan or Boat congee လို့ခေါ်တယ်။ ဟောင်ကောင်ကနေပေါ်ပေါက်ခဲ့ပြီးတော့ လှေမှာနေထိုင်တဲ့မိသားစုတွေက ပင်လယ်ထဲကရတဲ့ ပစ္စည်းတွေနဲ့ ချက်ကြတာဖြစ်ပါတယ်]

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
Hold On,You're Something Else [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang