Chapter 31.1

2K 372 10
                                    

Unicode

Ch-31.1

သူပါဝင်ရမယ်လို့ ဆုံးဖြတ်ပြီးထားသည့် တီဗီစီးရီးတွေကတောင် ပြန်ရုတ်သိမ်းခံလိုက်ရတယ်ဆိုတော့ ဟိုတစ်ခါတုန်းက ရှဲလင်းနဲ့ တွေ့တုန်းက သူမသင့်လျော်သလို ပြုမူခဲ့လို့များလားဆိုပြီး ချီယင်က ထင်နေခဲ့သည်။ ရှဲလင်းကို သူစိတ်အနှောင့်အယှက်လုပ်ခဲ့မိလို့ ဖြစ်နိုင်သည်။ သူ့အမှားတွေကို ပြန်ပြင်ဆင်မယ်ဆိုပြီး သွားရှာတော့လည်း လူမပြောနဲ့... ကုတ်အင်္ကျီရဲ့အစလေးကို မဖမ်းမိဘူး။

အဆောက်အအုံအတွင်းရှိ ဧည့်ကြိုဝန်ထမ်းတွေရဲ့ အပြုအမူတွေက အရမ်းကောင်းမွန်နေပေမယ့်လည်း သူတို့အကြည့်တွေထဲက အထင်သေးနေတဲ့အရိပ်အယောင်တွေကို သူမြင်နေရသည်။ သူလည်း ပြဿနာကောင် မဖြစ်ချင်ပါဘူး။ သူရှဲလင်းဆီ ရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်ဖို့လုပ်နေတာကို သူ့စပွန်ဆာ မသိသေးဘူး။ စပွန်ဆာက ရှဲလင်းကို ချီယင်အပြစ်ပြုမိတာကြောင့်လို့ပဲထင်နေပြီး နောက်ဆို သတိထားပြုမူဖို့ သတိပေးထားသည်။
ရှဲလင်းက အရမ်းအလုပ်များသည့်သူမှန်း အားလုံးသိကြသည်။ ပုံမှန်အားဖြင့် တကယ့်ဆရာကြီးတွေနဲ့ပဲ တွေ့ကြမှာပေါ့။ သူ့လို ဘာမဟုတ်တဲ့ပါ့မွှားလေးတွေကို အချိန်ဘယ်ပေးနိုင်ပါ့မလဲ။

ပါ့မွှားလေးသာသာပဲ ဖြစ်နေရတယ်ဆိုတဲ့ အတွေးက သူ့ကို ခံရခက်စေပေမယ့်လည်း
မှန်နေတော့လည်း သူလက်ခံရုံပဲရှိတယ်။

နောက်ဆုံးတော့ သူရဲ့စပွန်ဆာကို ဘတ်ဂျက်နည်းတဲ့ တီဗီစီးရီးထဲမှာ မြှုပ်နှံပေးဖို့ရယ် ပြီးတော့ ရှဲလုပ်ငန်းစုရဲ့ ရုပ်ရှင်စတူဒီယိုဌာနတွေထဲက အတော်လေးကျယ်ဝန်းသည့်နေရာကို သုံးပေးဖို့အတွက်​ ဖျောင်းဖျလိုက်နိုင်သည်။
အနုပညာလောကထဲမှာ ရှဲမိသားစုရဲ့ ရင်းနှီးမြှုပ်နှံမှုက သူတို့ရဲ့ တခြားသောလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ယှဥ်ရင်
'သေးငယ်တယ်'  လို့ဆိုနိုင်သော်ငြား သူတို့စတူဒီယိုရဲ့ ပစ္စည်းကိရိယာတွေက တကယ့်ကို ကောင်းမွန်ပြီး ငှားရမ်းခကလည်း သင့်တော်သည့်စျေးနှုန်းဖြစ်သည်။

ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တွေက
ရုပ်ရှင်ရိုက်ကူးရေးပြီးစီးပြီးတဲ့နောက် အထူးဖန်တီးမှုတွေ ထပ်တည်းဖြတ်မှုလုပ်ဖို့အတွက် စတူဒီယိုလိုအပ်ရင်လည်း ရှဲလုပ်ငန်းစုရဲ့ စတူဒီယိုမှာ နေ့တစ်ဝက်စာ ငှားရမ်းဖို့ ကြိုတင်ရက်ချိန်းထားတာမျိုးတွေ လုပ်ကြသည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now