Chapter 33.3

1.7K 342 43
                                    

Unicode

Ch-33.3

ကျောင်းသားသစ်တွေတော်တော်များများ
စုရှီကို ဆေးရုံမှာလူနာလာတွေ့ကြသည်။ စုရှီက တက္ကသိုလ်တွင် ထိပ်တန်းအလှပဂေးများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ နာမည်ကြီး ဒုတိယမျိုးဆက်သူဌေးသားတွေအများကြီးက သူ့ကိုချိန်နေကြတာကြာလှပြီ။

ထိုနာမည်ကြီးသူဌေးသားတွေထဲကတစ်ယောက်က ဟွမ်ကျန်းဖြစ်သည်။ ဟွမ်ကျန်းဟာ ဒီလှပသည့် Omega လေးကိုကြွေနေပေမယ့်လည်း စုရှီကသူ့ကိုစိတ်မဝင်စားဘူး။ သူကပိုပြီးဥပေက္ခာပြုလေ ဟွမ်ကျန်းက သူ့ကိုပိုပြီးစိတ်ဝင်စားလာလေဖြစ်တဲ့အပြင် သူရဲ့လုပ်ပုံကိုင်ပုံတွေကလည်း တဖြည်းဖြည်းနဲ့ ရွံ့စရာကောင်းလာသည်။ ဥပမာပြောရရင် အခုစုရှီက သန့်စင်ခန်းသုံးချင်နေတာကို အဲ့အရူးကောင်က သူ့ဘေးနားကလူတွေကို သူနာပြုခေါ်ပေးဖို့ အသေအလဲပြောနေသည်။ ဖြစ်နိုင်ရင် သူ့ကိုယ်တိုင်တောင် ဝင်ကူပေးချင်နေပုံပေါ်သည်။

ဟွမ်ကျန်း သူ့ကိုစိုက်ကြည့်နေသည့်အကြည့်ကို မြင်ရတာနဲ့တင် စုရှီတော်တော်လေး စိတ်မသက်မသာဖြစ်နေပြီ။

သူ့ကိုယ်သူ တခြားသူတွေဆီ ရောင်းတယ်ဆိုတာအမှန်ပဲ။ Omega တွေက သူတို့ရဲ့မွေးရာပါစွမ်းရည်တွေကို ကောင်းကောင်းအသုံးချလို့ရတယ်လေ။ ဒါပေမယ့် သူတကယ်ရွေးချယ်ဖို့လိုအပ်လာပြီဆိုရင် တကယ့်ကိုလူကြီးလူကောင်းဆန်သည့်အပြင် လုံးဝအမိုက်စားဆွဲဆောင်မှုရှိသည့်ရုံကျင်းကိုသာ ရွေးချယ်ချင်သည်။ အကယ်၍ သူသာ ထိုထိပ်တန်းဆွဲစားချင်စရာကောင်းသည့်အမျိုးသားကို မဆွဲဆောင်လိုက်နိုင်ဘဲ လက်လွှတ်လိုက်ရမယ်ဆိုရင် သူနောက်ဘဝမှာတောင် နောင်တရနေမှာကျိန်းသေသည်။

ဟွမ်ကျန်း ဘေးနားကလူတွေကို စကားဆက်ပြောနေတုန်း စုရှီချက်ချင်းပဲ ရုံကျင်းဆီ တိတ်တိတ်လေးစာပို့လိုက်သည်။

စုရှီကိုလာတွေ့သည့်လူတွေက သူ့ဘေးမှာပဲ ဝိုင်းပတ်ကာထိုင်နေကြသည်။ ဟွမ်ကျန်းနှင့်အတူ ပါလာသည့်ဝူဖူယွီကတော့ ပြတင်းပေါက်နားတွင်ထိုင်နေကာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။ Omega ကိုအကြိုက်လိုက်ဆောင်ပေးဖို့စိတ်ကူး သူ့မှာလုံးဝမရှိဘူး။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now