Chapter 4.1

3.3K 567 1
                                    

Unicode

Ch-4.1

အပြင်လူရဲ့ရှုထောင့်ကနေကြည့်ရင် ဘယ်သန့်စင်ခန်းကိုဝင်ရမလဲ ဆုံးဖြတ်ပြီးသွားတဲ့လူတယောက်ကို အနောက်ကနေလူတယောက်က တွန်းလိုက်တာကို တွေ့နိုင်တယ်။

ထိုသူရဲ့အားကသိပ်မပြင်းတာကြောင့် ရုံကျင်း သူ့ကိုယ်သူထိန်းလိုက်နိုင်တယ်။ သူဝတ်ထားတဲ့ဦးထုပ်ပဲ မြေပေါ်ကို ပြုတ်ကျသွားတယ်။

သူ့ဘေးကလေထုထဲမှာ လွင့်နေတဲ့နှစ်လိုဖွယ် ကောင်းလွန်းတဲ့ရနံ့ကြောင့် သူအနည်းငယ် မူးဝေနေပြီး သူ့မျက်လုံးတွေလဲနီရဲနေတယ်
တခုခုမှားနေမှန်းတော့သူသိနေတယ် သူ့ကိုယ်ထဲကတစုံတခုက အချုပ်အနှောင်ထဲ
ကနေ ချိုးဖျက်ပြီးထွက်လာဖို့ ကြိုးစားနေတယ်။

သူ့ကိုယ်ထဲက ပူလောင်မှုကိုသူမထိန်းချုပ်နိုင် ပေမဲ့ အနည်းဆုံးတော့ သူ့လုပ်ရပ်တွေကို တော့ထိန်းချုပ်နိုင်သေးတယ်။ သူ့လျှာကို ဖိကိုက်လိုက်တယ်။ သူ့သွေးရဲ့ သံချေးအရသာကိုခံစားမိတော့မှ သူ့အသိစိတ်ပြန်ဝင်လာတယ်။

သူတို့နှစ်ယောက်ရဲ့မတော်မတတွေ့ဆုံမှုက လူတွေရှုပ်ထွေးပြီးဆူညံနေတဲ့mall ကို ဆန့်ကျင်ပြီး မရှင်းပြနိုင်တဲ့တိတ်ဆိတ်မှုက သူတို့ဘေးပတ်ဝန်းကျင်မှာကြီးစိုးနေတယ်။ သူတို့ရဲ့ကိုယ်ထဲက အာရုံကြောတိုင်းက
သူတို့စိတ်ဝိညာဥ်ထဲကနေ ခံစားနေရတဲ့ စိတ်လှုပ်ရှားမှုကို ဖော်ပြနေတယ်။

ရုံကျင်းအမြင်ကမှုန်နေပေမဲ့ တဖက်လူက လဲတော့မလိုဖြစ်နေတာကို သူမြင်လိုက်တယ်
သူ မူးဝေနေတာကို တောင့်ခံရင်း တဖက်လူကို ကူညီဖို့ကြိုးစားပြီး ချက်ချင်းသူ့ကို လွှတ်ပေးလိုက်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတဖက်သူကိုထိမိလိုက် တဲ့အချိန်မှာ တဖက်သူရဲ့ကြောက်ရွံမှုနဲ့ ငြင်းဆန်မှုကို ခံစားလိုက်ရတယ်။

တဖက်လူက ရုံကျင်းရဲ့ကြင်နာမှုကို လုံးဝမခံစားမိဘူး အထူးသဖြင့် သူ Alpha တယောက်ကို ဝင်တိုက်မိတာက်ို သတိထားမိချိန်မှာ သူ့တကိုယ်လုံး အော်ဂလီဆန်သလို ခံစားလိုက်ရတယ်။

သူ့မျက်လုံးထောင့်ကနေ ပြုတ်ကျနေတဲ့ ဦးထုပ်ကိုမြင်လိုက်ရတယ်။ သူမတ်တပ် သေချာရပ်ပြီးတာနဲ့ သူ့နောက်ကို ဝံပုလွေ တကောင်လိုက်ခံရတဲ့အတိုင်း Omegas တွေ အတွက် အခန်းထဲကို အမြန်ဝင်သွားတယ်။

Hold On,You're Something Else [Myanmar Translation]Onde histórias criam vida. Descubra agora