Chapter 36 Part 1

1.6K 327 19
                                    

Unicode

Ch-36.1

ရေချိုးခန်းကြမ်းပြင်သည် အမည်းရောင်နှင့်ရွှေရောင်ရောစပ်ထားသည်။ နှင်းကဲ့သို့ဖြူဖွေးနေသည့်အသားအရည်ပေါ်တွင် အနီရောင်ဖုံးလွှမ်းနေတာက မြင်မကောင်းလှသည့်မြင်ကွင်းပင်။ တကယ်တမ်း ကုရှီကသွေးအများကြီးထွက်တာမဟုတ်ဘူး... ဒါမဲ့ ဆပ်ပြာအမြှုပ်တွေနဲ့သွေးတွေရောသွားတဲ့ပုံစံက အတော်လေးထိတ်လန့်စရာကောင်းသွားသည်။ ရုံကျင်းရဲ့စိတ်ထဲမှာ စာလုံးနှစ်လုံးပဲရှိတယ် : လျှို့ဝှက်ဆန်းကြယ်သောလူသတ်မှုဟူ၍။

သူဒီလိုအရာတွေကို အရင်ကတည်းကကြုံတွေ့ဖူးပြီးသားဖြစ်ကာ ဇာတ်လမ်းက၎င်းရဲ့မူလအခြေအနေကို ပြန်လည်ရောက်ရှိဖို့ ကြိုးစားနေသေးတာက အံ့သြစရာတော့မဟုတ်ပေ။

လက်တွေတုန်ယီနေလျက် ရုံကျင်းသူ့ဖုန်းကိုထုတ်ကာ အရေးပေါ်ကိုဖုန်းဆက်လိုက်သည်။ သူဖုန်းခေါ်တာကိုတစ်ယောက်ယောက်ပြန်ဖြေမှာကိုစောင့်ရင်း ကုရှီရဲ့အခြေအနေကိုကြည့်ဖို့ အနားကပ်သွားလိုက်၏။ ကုရှီသည် ခေါင်းကနေခြေတစ်ဆုံး ဆပ်ပြာမြှုပ်တွေ နေရာလပ်မကျန်ဖုံးလွှမ်းနေပေမယ့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကလှပနေဆဲပင်။ အခုချိန်မှာ သူကလူအစစ်နဲ့တောင်မတူတော့ဘူး။ သူ့ပုံစံက ဆပ်ပြာမြှုပ်အဖြစ်ပြောင်းလဲသွားတော့မည့် ရေသူမနှင့်တူသည်။

သူ့ကိုယ်ထဲကစိတ်ဝိညာဥ်ကိုဆွဲထုတ်ခံလိုက်ရသကဲ့သို့ သိသိသာသာဆွဲဆောင်နေသည့်ခံစားချက်လေးက နောက်တစ်ကြိမ်ခပ်ရေးရေးပေါ်ထွက်လာသည်။ အထူးသဖြင့် လေထုထဲကပြောင်းလဲမှုကို သူခံစားမိသည်။ ရေချိုးခန်းထဲတွင် စွဲမက်ဖွယ်ရနံ့တွေပြည့်နှက်နေ၏။ ရုံကျင်းကိုယ်ထဲရှိ pheromone တွေနိုးထလာသလိုမျိုး သူ့မျက်နှာလည်း တဖြည်းဖြည်းနှင့်နီရဲလာတော့သည်။

သူ့မှာ ဒီကမ္ဘာကြီးရဲ့ယေဘုယျအသိပညာ လုံးဝကိုမရှိဘူး... ဒါကြောင့် Omega heat ဖြစ်နေတဲ့အချိန်မှာ သူတို့ရဲ့သွေးတွေကတောင် စွဲမက်ဖွယ်ကောင်းလှတာကို သူမသိပေ။ ၎င်း၏အကျိုးသက်ရောက်မှုက
မပြင်းသော်ငြား ဒီလိုနေရာကျဥ်းလေးတစ်ခုလုံးကို ရှုပ်ထွေးနေကာ အပြန်အလှန်ချိတ်ဆက်လျက်ရှိသည့်မီးပွားလေးများ ပြည့်နှက်သွားအောင်လုပ်ပစ်လိုက်၏။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now