Chapter 35.2

2K 367 13
                                    

Unicode

Ch-35.2

ကျိုးယုံ့က ဝင်ပေါက်တစ်ခုကိုဖြတ်မောင်းသွားတဲ့အခါ လမ်းတစ်လျှောက်တွင် ရှင်းလင်းထားသည့်မြက်ခင်းပြင် ၊ အရိပ်ရသစ်ပင်တွေအပြင် နောက်ထပ်လူလုပ်ရေကန်တစ်ခုကိုပါ မြင်လိုက်ရသည်။ ရှုခင်းက မျက်ဒီပသာဒဖြစ်သလို ဗီလာပတ်ဝန်းကျင်ကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ထားသည်။

သူတို့နှစ်ယောက်ကို ပို့ပြီးတဲ့နောက် ကျိုးယုံ့က ရုံကျင်းရွေးထားသည့်ကုမ္ပဏီတွေနဲ့ပတ်သက်ပြီး လုပ်စရာအလုပ်တွေကျန်နေသေးတာကြောင့် ရုံးဆီပြန်ရဦးမယ်ဟု ပြောသည်။ တကယ်ဆို သူလုပ်ရမယ့်
အလုပ်တွေအများကြီးရှိနေသေးသည်။

ငါးဆားနူတစ်ကောင်ဖြစ်သည့်
ရုံကျင်းကတော့ ဒီနေ့အလုပ်ရဲ့သူ့ဝေစုကို ပြီးစီးသွားပြီဖြစ်ကာ သူ့အစ်ကိုကြီးကလည်း သူ့ကို ကုမ္ပဏီကနေကန်ထုတ်ခဲ့သည်။ အခု လောလောဆယ်အရေးကြီးတာက ကုရှီကိုဂရုစိုက်ဖို့ပဲ။ ကျိုးယုံ့ကို သော့တောင်းမလို့လုပ်နေတုန်း တံခါးသော့က password ခံထားကြောင်း သိလိုက်ရသည်။

password ကဘာပါလိမ့်?

သူ့အိမ် password ကလွဲပြီး တခြားဘာကိုမှသတိမရတာမို့ ဘာများလဲဆိုပြီးစဥ်းစားကြည့်သည်။ ရှဲလင်းရဲ့မွေးနေ့ကို ထည့်ကြည့်တာတောင် တံခါးကမပွင့်သေးပေ။

ကုရှီက အနားကိုရောက်လာပြီး ကားထဲကညီအစ်ကိုနှစ်ယောက်ရဲ့အပြန်အလှန်စကားတွေကို သတိရသွားသည်။ သူ့နှလုံးသားက ဟာတာတာနဲ့ဗလာအတိဖြစ်နေသော်ငြား နှစ်ယောက်သားပြောပုံဆိုပုံကို ကြားပြီးတဲ့နောက် ရင်ထဲတွင်နွေးထွေးသွားသည်။

ထိုအချိန်၌ မိုးကလုံးဝတိတ်သွားခဲ့ပြီး ယခု
နေရောင်ခြည်က သစ်ရွက်တွေကြားကနေ တလက်လက်ဖြင့် ဖြာကျလျက်ရှိနေသည်။

ကုရှီက တိုးညင်းစွာပြောသည် '' အဲ့တာက မင်းနဲ့ပတ်သက်နေတဲ့ဟာဖြစ်နိုင်တယ် ''

ရုံကျင်း သူ့ကိုယ်ပိုင်မွေးနေ့ကို ရိုက်ထည့်ကြည့်လိုက်သည်။ အမှန်တော့ သူ့မွေးနေ့နဲ့ မူလပိုင်ရှင်ရဲ့မွေးနေ့က အတူတူပဲဖြစ်သည်။ ထင်တဲ့အတိုင်းပဲ တံခါးပွင့်သွားသည်။ အိမ်ကလုံးဝကိုသန့်ပြန့်နေ၏။ ပုံမှန်သန့်ရှင်းရေးလုပ်ထားကြောင်း သိသာသည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now