Chapter 27.2

2.2K 377 9
                                    

Unicode

Ch-27.2 မင်းငါ့ကိုပဲ အာရုံစိုက်ထားလို့ မရဘူးလား။

ရုံကျင်း လူရွေးပွဲခန်းမထဲကို ရောက်ရောက်ချင်း သူ့နှာခေါင်းထဲကို နှင်းဆီပန်းအနံ့တွေက ချက်ချင်း တိုးဝင်လာသည်... ၎င်းက ဟိုတစ်ညက Omega ဆီကရတဲ့ အနံ့ထက်ပိုပြင်းသည်။ သူအထဲကို ဝင်လိုက်တဲ့အခါ နေရာအနှံ့မှာ နှင်းဆီပန်းတွေနဲ့ပြည့်နေတာကို မြင်လိုက်ရတယ်။ သူ့လိုမျိုး နှင်းဆီပန်းတွေကို ငေးကြည့်နေတဲ့သူက သိပ်မရှိဘူး...ဝန်ထမ်းတချို့က ထိုပန်းတွေကို အပြင်ဘက်ကိုထုတ်ကာ ရှင်းလင်းနေကြသည်။ 

နှင်းဆီပန်းတွေက အိုးထဲမှာ ထည့်စိုက်ထားတာဖြစ်၏။ လူတစ်ယောက်က ဝန်ထမ်းတွေကို ဘာလို့ပန်းတွေကို အပြင်ကို ရွေ့နေတာလဲလို့ မေးလိုက်သည်။ သူတို့ပြန်​ဖြေသည်က ကုရှီက အဲ့လိုလုပ်ခိုင်းလို့ဟူ၍။ 

အိုးတစ်ဝက်လောက်ကို အပြင်ဘက်မှာ ရွေ့ထားလိုက်ပြီး ကျန်တာတွေကိုတော့ လူရွေးပွဲဖြေပြီးသွားတဲ့ မင်းသား မင်းသမီးတွေကို ပေးလိုက်သည်။ 

ပန်းတွေကို အများပိုင်နေရာမှာ ထားထားမယ့်အစား ပိုပြီးအဓိပ္ပာယ်ရှိတဲ့နေရာမှာ ထားထားတာက ပိုကောင်းလိမ့်မယ်လို့ ကုရှီက သူတို့ကို ပြောသည်။ ဘေးနားက လူတွေက ကုရှီ ဒီလောက်ပန်းတွေအများကြီး လက်ဆောင်ရတာကို မနာလိုဖြစ်ကြပေမယ့် ဒီလို ကောင်းမွန်တဲ့တုန့်ပြန်မှုမျိုး ကြားရတော့ သူတို့စိတ်ထဲ စိတ်ဆိုးလို့တောင်မရဘူး ဖြစ်နေသည်။

ကုရှီရဲ့ EQ က မနိမ့်ဘူး... ဒါမဲ့ ဝတ္ထုဇာတ်ကြောင်းက သူ့ကို မကောင်းတဲ့သူအဖြစ် ပြောင်းလဲလိုက်သည်။ သူ တခြားသူတွေဆီက ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ အတိုက်အခိုက်တွေ ခံခဲ့ရတာက သူ့ pheromone တစ်ခုတည်းကြောင့် မဟုတ်ဘူး။ 

ရုံကျင်းအထဲကို ရောက်သွားတော့ သူရဲ့ ရှည်လျားတဲ့အရပ်အမောင်းနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ပုံပန်းသဏ္ဍာန်ကြောင့် လူတွေရဲ့ အာရုံစိုက်မှုကို ခဏလောက်ရသွားသည်။ သူ့ကို တစ်ယောက်ယောက်က မြင်သွားပြီး အဲ့လူက လှမ်းအော်သည် '' ငါတို့ ဒီမှာ! '' 

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now