Chapter 26.3

2.4K 408 5
                                    

Unicode

Ch-26.3

အဲ့အချိန်မှာ ဓာတ်ခွဲခန်းထဲကနေ လူတစ်ယောက်ထွက်လာကာ အင်မတန် စိတ်လှုပ်ရှားနေသည့်ပုံစံဖြင့် စမ်းသပ်ချက်အဖြေတွေကို သူ့ကိုပေးသည်။

'' ဒါကိုဘယ်ကနေ ရလာတာလဲ။ ဒီဟာက လူထုကို အသိမပေးရသေးတဲ့ အဆိပ်ပဲ။ ကျွန်တော်တို့တတွေ အချိန်တိုအတွင်းတော့ ဒီဟာရဲ့ပါဝင်ပစ္စည်းတွေကို မဖော်ထုတ်နိုင်ဘူး... ဒါပေမယ့် ဒီအဆိပ်ရဲ့ ဖွဲ့စည်းပုံသာ ပေါ်လာခဲ့ရင်
နိုင်ငံတကာဆုတောင် ရနိုင်လိမ့်မယ်... ကျွန်တော် သေချာပေါက်ပြောရဲတယ်! ''

နာမည်တောင်မသိတဲ့အဆိပ်ဆိုတာက
ယခုလက်ရှိ မှုခင်းဆေးပညာ ဆရာဝန်တွေတောင် နစ်နာသူတွေဟာ အဆိပ်ခတ်ခံရပါတယ်ဆိုပြီး သက်သေပြနိုင်လောက်တဲ့ အထောက်အထားတွေကိုတောင် ရှာမတွေ့နိုင်ဘူးဟု အဓိပ္ပာယ်ရသည်။ ဒီလိုအဆိပ်မျိုးတွေက ရုပ်ရှင်တွေ ၊ ပြဇာတ်တွေမျိုးမှာ အသုံးပြုတာမျိုးရှိတယ်... ဒါပေမယ့် တကယ့်ဘဝမှာတော့ အဲ့အဆိပ်မျိုးကို ပြုလုပ်ရတာခက်ခဲပြီး ဖြေဆေးဆိုရင် ပြောစရာတောင် မလိုတော့ဘူး။

အကယ်၍ ဒီအဆိပ်ကို ရှာတောင် မတွေ့ခဲ့ဘူးဆိုရင် နစ်နာသူရဲ့ ရုတ်တရက် သေဆုံးမှုက အကြောင်းအရင်းရှာမတွေ့ဘဲ နှလုံးဖောက်လို့ သေဆုံးသွားတယ်လို့ပဲ ယူဆကြလိမ့်မယ်။ တကယ်လို့ အဆိပ်ရဲ့ သက်ရောက်မှုကို အချိန်ဆွဲနိုင်ခဲ့ရင်
သံသယရှိသူက အဆိပ်အလုပ်မလုပ်ခင် အလီဘိုင်ပေးပြီး အေးအေးဆေးဆေး လွှတ်ထွက်သွားနိုင်သည်....

အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ...

ရှုဲလင်း၏ တောင့်တင်းသန်မာသည့် ကိုယ်ခန္ဓာဟာ ရုတ်တရက် ယိုင်သွားသည်။ ကျိုးရှန် ချက်ချင်းပဲ ရှေ့တိုးကာ သူ့ကိုတွဲပေးဖို့ လုပ်လိုက်ပေမယ့် ရှဲလင်းက သူ့ကိုရပ်ဖို့ လက်ဟန်ဖြင့် ပြလိုက်သည်
'' ငါအဆင်​ပြေတယ် ''

သူရဲ့နက်ရှိုင်းလှတဲ့နှလုံးသားထဲမှာ တွေးနေမိတာက ဒီလိုမျိုး စိတ်ထိခိုက်စရာကောင်းလှသည့် အဖြေမျိုး သူလုံးဝမလိုချင်ဘူး။

နောက်တစ်နေ့ မနက်စောစော၌ ဝူဟန်ချီဆီကနေ ထင်မှတ်မထားတဲ့ ဖုန်းခေါ်ဆိုမှုကို ရုံကျင်းရလိုက်သည်။ ဝူဟန်ချီက သူမနေ့ညက ဟိုတယ် ညနက်မှရောက်လာပြီး ရုံကျင်းက သူ့အတွက် presidential suite ပေးလိုက်တာကို သိရတော့ ကျေးဇူးတင်မိတယ်လို့ ပြောလေသည်။ ဒါပေမယ့် ရုံကျင်း အနားယူတာကို မနှောက့်ယှက်တော့ဘဲ နောက်တစ်နေ့ကျမှ မနက်စာစားဖို့ ဖိတ်တော့မယ်လို့ သူဆုံးဖြတ်လိုက်တယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now