Chapter 31.3

1.9K 334 10
                                    

Unicode

Ch-31.3

ရုံကျင်း ရှဲလင်းကိုထပ်ပြီးဖျောင်းဖျကြည့်ချင်သေးသည် '' အစ်ကိုကြီး.... '' သူ့ကိုသန်းတစ်ရာလုံးပေးတာက သိပ်မကောင်းဘူးနော်။

ရှဲလင်းက ခပ်ပြတ်ပြတ်ပဲပြောသည် '' ထွက်သွားတော့... မင်းငါ့ကိုဒေါသထွက်အောင် လာလုပ်နေတာပဲ ''

သန်းတစ်ရာဆိုတဲ့ပမာဏက ပမာဏနည်းနည်းလေးမဟုတ်ဘူးဆိုတာ အမှန်ပဲ။
သူစပြီးအလုပ်လုပ်တဲ့အချိန်တုန်းက ပရောဂျက်တစ်ခုထဲမှာ ဒေါ်လာသန်းပေါင်းများစွာဆုံးရှုံးခဲ့တာပြီး အဲ့ဒါကို သူဘယ်တော့မှမမေ့ခဲ့ဘူး။ အဲ့အတွက်ကြောင့် သူ့ကိုယ်သူ အပြစ်တင်နေခဲ့ပြီး ညပေါင်းများစွာ အိပ်မပျော်နိုင်ဖြစ်နေခဲ့တယ်။ နောက်တော့ သူ့အဖိုးကသူ့ကိုပြောခဲ့သည် : မင်းနောက်တစ်ကြိမ်ထပ်ကြိုးစားဖို့ ရှဲမိသားစုတစ်ခုလုံး မင်းနောက်မှာ ရှိသေးတယ်။ အဲ့ဒါကြောင့် ထပြီး မင်းလုပ်ရမယ့်ဟာကိုလုပ်။

မင်းနောက်တစ်ကြိမ်ထပ်ကြိုးစားလို့ရတယ်။ သူထိုစာကြောင်းကို ရုံကျင်းကိုပြောခဲ့သည်။ မင်းနောက်မှာ မင်းမိသားစုက အမြဲတမ်းရှိနေမှာပါ။

ရှဲလင်းက ဒါကိုအကြောင်းမရှိဘဲပေးတာ ဘယ်ဟုတ်ပါ့မလဲ။ ဓာတ်ခွဲခန်းအဖြေကို သတိရလိုက်တဲ့အချိန်တိုင်း ထိတ်လန့်စရာကောင်းတဲ့ခံစားချက်ကြီး ပေါ်ပေါ်လာသည်။

သူ့ညီလေး သူ့မိသားစုနဲ့ မပြေလည်ခင်အချိန်တုန်းက အပြင်ကဂေဟာလိုလို ရိပ်သာလိုလိုနေရာမှာ နေခဲ့တာ။ အဲ့မှာ အချိန်တစ်ခုလောက်အထိနေခဲ့ပြီး အိမ်ကိုတောင်မပြန်ခဲ့ဘူး။ သူဒီမိသားစုကို ဘယ်လောက်တောင်မုန်းနေလို့ အဲ့လိုတွေလုပ်ခဲ့တာလဲ။

ရှဲလင်း ရင်ဘတ်ထဲကနေ ဆစ်ကနဲအောင့်သွားပြီး သူ့ကိုယ်သူ ထပ်ပြီးအပြစ်တင်မိသည်။ သူ့အတွက်တော့ အဲ့ဒီအရာတွေအားလုံးက သူ့တာဝန်ကိုကောင်းကောင်းကျေပွန်အောင်မလုပ်နိုင်ခဲ့လို့ ဖြစ်ခဲ့ရတာဟု ခံယူထားသည်။ သူတို့ဆက်ဆံရေးက ဘယ်လောက်ပဲဆိုးဆိုး သူအဲ့တာကို ဒီတိုင်းမထားခဲ့သင့်ဘူး။

အခုချိန်မှာ သူ့ညီလေးရဲ့တစ်ခုတည်းသော ဝါသနာက သရုပ်ဆောင်တာဖြစ်နေပေမယ့် အခုခေတ်မှာ အနုပညာလောက,က အတော်လေးခက်ခဲတာဖြစ်သည်။ ပြီးတော့ ရုံကျင်းရဲ့လက်ရှိဂုဏ်သတင်းက အခုထိကောင်းသေးတာမဟုတ်သေးဘူး။ ရှဲလင်း သူ့ကိုပြောလိုက်သည် '' ဝါသနာကဝါသနာပဲ... ဒါမဲ့ ယအဲ့ဒါကမင်းကို ထမင်းကျွေးမှာမလို့လား... ။ မင်းအဲ့အပိုင်းမှာလည်းမတော်ဘူး။ အရှိကိုအရှိအတိုင်းလက်ခံလိုက် ''

Hold On,You're Something Else [Myanmar Translation]حيث تعيش القصص. اكتشف الآن