Chapter 20.2

3K 515 7
                                    

Unicode

Ch-20.2 မင်းဘာလို့ဆက်မလုပ်တာလဲ?

အိမ်မကြီးဘေးရဲ့အဆောင်ငယ်ရဲ့ နောက်ဖေးဘက်ကိုရောက်တော့ ကုရှီ ခွေးကိုတိုင်မှာထပ်ပြီး ချည်ထားလိုက်တယ် ထိုခွေးကြီးက သူ့ကစားနေကျဘောလုံး* ရှိတဲ့ဘက်ကိုပဲ လျှာကြီးတန်းလန်းနဲ့ စိတ်လှုပ်ရှားစွာကြည့်နေတယ်။  ကုရှီ သူ့ဘေးနားမှာ ခွေးစာနည်းနည်း ချပေးလိုက်ပေမဲ့ သူက စားချင်စိတ်တောင်မရှိဘဲ ချည်ထားတဲ့ကြိုး ကနေ လွတ်မြောက်ဖို့ သူ့လက်ဖဝါးတွေနဲ့ ကုတ်ခြစ်နေတယ်။
(*ကိုယ့်အထင်ကတော့ ရုံကျင်းရှိတဲ့ဖက်ကို ကြည့်နေတာလို့ထင်ပါတယ်)

ကုရှီပြုံးလိုက်ပြီး '' မင်းအခုထိ သူ့ဆီသွားချင်နေတုန်းလား? ''

ခွေးကြီးက သူ့စကားကို နားလည်သည့်အလား ခေါင်းငြိမ့်ပြ၏။

ကုရှီ သူ့ခေါင်းလေးကိုပုတ်ပေးပြီး နှစ်သိမ့်လိုက်တယ် '' ကဲကဲ ထားလိုက်ပါတော့ သူ့အကြောင်းတွေးနေလို့အကျိုးမရှိဘူး သူကမင်းအပိုင်မှ မဟုတ်တာ ''

ကုရှီမတ်တပ်ထရပ်လိုက်တော့ ရုတ်တရတ်  မူးဝေသွားတယ်။

တစ်နှစ်နဲ့တစ်ဝက်လောက် ရောက်မလာခဲ့တဲ့ သူ့ heat ရဲ့ပင်ပန်းခက်ခဲမှုတွေကို သူသိပြီးသားပေ။ ထိုအရာကတဖြည်းဖြည်းနဲ့ ပိုပိုပြီး ပြင်းထန်တက်ကြွလာနေသည်။ သူအနီးသုံးသန့်စင်ခန်းထဲကို ဝင်လိုက်ပြီး တယောက်ခန်းထဲဝင်ကာ လော့ခ်ချလိုက်တယ် ပြီးတာနဲ့ ပါလာတဲ့တားဆေးကိုထုတ်ပြီး ထိုးသွင်းလိုက် တယ်။ အဲ့တာက မလုံလောက်မှာကိုစိုးရိမ်လို့ တွေဝေနေပေမဲ့လဲ နောက်ထပ်နှစ်ခု ထပ်ထုတ်ပြီး ထိုးသွင်းလိုက်တယ်။

တားဆေးကြောင့် ဖြစ်ပေါ်လာတဲ့နာကျင်မှုနဲ့ အတူ သူ့ heat ကဝရုန်းသုန်းကား ဝင်ရောက်လာတယ်။ ထိုနှစ်ခုရဲ့ ပြင်းပြင်းထန်ထန် တိုက်ခတ်မှုကြောင့် သူ့ခန္တကိုယ်လုံး တဆစ်ဆစ်နဲ့ နာကျင်လာသည်။

သူ့ heat အခြေအနေက တဖြည်းဖြည်း ပိုဆိုးလာတာကိုသတိထားမိတော့ သူ့ agent ဆီကို နောက်ရက်အနည်းငယ်အတွင်းမှာရှိတဲ့ activities အများစုကို ဖျက်ပေးဖို့ မက်ဆေ့စ်ပို့လိုက်တယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now