Chapter 11.2

2.6K 516 8
                                    

Unicode

Ch-11.2 လာမမေးနဲ့ ဒါသူ့အလိုလို သိနေတာ

ရုံကျင်းကို ဟာသလုပ်ချင်နေတဲ့ Alpha တချို့ကတော့ စာကြည့်တိုက်ကို တူတူသွားဖို့ ပြောနေကြတယ်.. တကယ်လို့သာ သူစာမေးပွဲအောင်သွားခဲ့ရင် ပွဲတွေဘာတွေ လုပ်သင့်တယ်ဆိုပြီး နောက်ပြောင်နေကြတယ်။

သူတို့တွေ အခုထိ အဲ့စာမေးပွဲနေ့ကို မှတ်မိသေးတယ်... ရုံကျင်းက ချီယင်ကို block လိုက်တဲ့နောက်မှာပဲ ချီယင်က နောက်ထပ် Alpha တယောက် ရနေပြီ။ အဲ့ဒီမြင်ကွင်းကို လူတော်တော်များများ မြင်လိုက်ကြပြီး ကျောင်း forum မှာတော့ အဲ့အဖြစ်အပျက်နဲ့ပတ်သက်တဲ့ post တွေ အများကြီးတက်ခဲ့သေးတယ်။

စာမေးပွဲမဖြေခင် ဒီလိုအဖြစ်အပျက်မျိုးကို ကြုံလိုက်ရမှတော့ ရုံကျင်း စာမေးပွဲကို ဘယ်လိုလုပ် မအောင်တော့ဘူး။

ဒီအခြေအနေကို ကျီလဲ့ပင်း မြင်လိုက်တော့ ချက်ချင်းပဲ ရုံကျင်းကိုဆွဲပြီး သူအဆောင်မှာပဲ ရလဒ်သွားကြည့်ဖို့ လုပ်လိုက်တယ်။ တကယ်လို့ မအောင်ခဲ့ရင်တောင်မှ လူသိရှင်ကြားမဖြစ်တော့ဘူးပေါ့။

ကောင်မလေးတယောက်ကလဲ အဆောင်မှာကြည့်ရင် ပိုအဆင်ပြေလိမ့်မယ် ဆိုပြီး သူ့ laptop ကိုယူသွားဖို့ ပြောတယ်။
အဲ့ကောင်မလေးက ပရိသတ်ထိုင်တဲ့နေရာမှာ ရုံကျင်းအကြောင်းကို မတော်မဆ ပြောမိသွားတဲ့သူ ဖြစ်တယ်။ သူမျက်နှာပူသလို ခံစားမိတာကြောင့် ဒီလိုလုပ်ဖို့ ပြောလိုက်တာ။

ရုံကျင်း နှစ်ယောက်လုံးရဲ့ အကူအညီကို ငြင်းလိုက်ပြီး သူ့ကိုယ်သူ အရူးလုပ်မိမှာကို စောင့်ကြည့်နေတဲ့ Alpha တွေကို ကြည့်လိုက်တယ်။ အခုလောလောဆယ် သူ သူတို့ကိုဖြေရှင်းဖို့လိုတယ် မဟုတ်ရင် သူ့ကို အနိုင်ကျင့်ဖို့ လွယ်နေတယ်လို့ ထင်နေကြလိမ့်မယ်။

မူလပိုင်ရှင် စာမေးပွဲကို ဘယ်လိုဖြေခဲ့လဲ ဆိုတာကို ရုံကျင်းပြန်စဥ်းစားလိုက်တယ်။
သူ့အမြင်အရ သူ့အဖြေတွေက တကယ့်ကို ကောင်းတယ်။ သူရဲ့ပြဿနာတွေက လွဲရင် မူလပိုင်ရှင်က ဘွဲ့လွန်စာမေးပွဲအတွက် တော်တော်လေး ကြိုးစားခဲ့တယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now