Chapter 13.2

2.7K 557 21
                                    

Unicode

Ch-13.2 ငါ့ကိုဆွဲဆိတ်ကြည့်စမ်း

ဖုန်းရဲ့တဖက်က လူပြောလိုက်တဲ့ဟာကို သတိရသွားတယ်။ အဲ့ဒါဆိုရင် သူ့ရှေ့က သူကသရုပ်ဆောင်တာ ညံရင်ညံ မဟုတ်ရင် နာမည်ပျက်ရှိလို့ပဲ ဖြစ်ရမယ်။ သူအားတဲ့အချိန်ကျရင် ကျောင်း forum ကို ဖတ်ကြည့်ရမယ်လို့ သူစဥ်းစားလိုက်တယ်။

ဒါအပြင် သူ့အတန်းဖော်တွေကလဲ သူ့ကို လျစ်လျူရှုထားတာ မဟုတ်ရင် မပေါင်းကြဘူး။ အဲ့တာက သူ့မှာ ပြဿနာတခုခုရှိနေတာ ဒါမှမဟုတ် သူ့စရိုက်က မကောင်းလို့ ဖြစ်မယ်။

ဒါပေမဲ့ သူလူတယောက်ကို အနည်းငယ် လေ့လာရုံနဲ့တော့ အကဲမဖြတ်ချင်ဘူး။ ရွှမ်ကျားရွှေ့က ကြောက်ဖို့ကောင်းတယ်လို့ သူတွေးမိပေမဲ့ အဲ့တာကြောင့် သူက သူ့ကယ်တင်ရှင်မဖြစ်နိုင်တာလဲ မဟုတ်ဘူးလေ။ ရွှမ်ကျားရွှေ့က အချက်အလက်တွေက သူ့ကယ်တင်ရှင်နဲ့ ကိုက်ညီနေတာကိုလဲ မှတ်ထားဖို့ အရေးကြီးသေးတယ်။

အကယ်၍ တကယ် ရွှမ်ကျားရွှေ့သာ ဖြစ်နေခဲ့ရင် သူကျေးဇူးပြန်ဆပ်ဖို့ အကောင်းဆုံးကြိုးစားမှာ ဒါမဲ့ အဲ့တာက ဂိတ်ဆုံးပဲ။

ရုံကျင်းက သူ့ကယ်တင်ရှင်ဖြစ်နိုင်ချေ အားလုံးပေါင်း 79.9999% ဖြစ်နေတာကလဲ သူ့စိတ်မှန်းနဲ့ပြောနေတယ်ဆိုတာ သူမငြင်းပါဘူး။

ပြီးတော့ သူက သူ့ကိုအခွင့်အရေးပဲပေးတာ။
သူတို့လူရွေးပွဲက အစကတည်းက ဘယ်သူမဆိုပါဝင်ခွင့်ရှိနေတာပဲလေ။ တကယ်လို့ သူကတယောက်ယောက် ထောက်ခံပေးလို့ ရောက်လာရင်တောင် သူမအောင်မြင်ရင် အသုံးမဝင်ဘူး။ အဲ့လိုအတွေးနဲ့ သူဒါရိုက်တာရဲ့ လိပ်စာကတ်ကို ထုတ်ပေးလိုက််တယ်။

ရုံကျင်းက စိတ်လှုပ်ရှားတာမျိုး မရှိဘဲနဲ့ ကတ်ကိုသာ လက်ခံလိုက်တာမလို့ ကုရှီက ထပ်ပြောလိုက်တယ် '' တကယ်တော့ ဒီရုပ်ရှင်ရဲ့အမျိုးသားဇာတ်လိုက်က အရမ်းကြည့်ကောင်းတာလေ ''

အားးး....ကုရှီ မင်းဘာတွေတွေးနေတာလဲ?
မင်းအဲ့တာထည့်ပြောဖို့ လိုလို့လား?

ကုရှီ ရှက်ကိုးရှက်ကန်းနဲ့ သူ့မျက်နှာကို အုပ်လိုက်ပြီး ရုံကျင်းသူ့ကို မမှတ်မိသွားဖို့ ဆုတောင်းနေတယ်။ သူရဲ့နောက်ရုပ်ရှင်အတွက် ဇာတ်လိုက်ကို အမျိုးသားကို အဓိကရိုက်ဖို့ လုပ်ထားပြီးပြီ။ အဲ့ရုပ်ရှင်မှာသူက အမျိုးသားဇာတ်လိုက်အဖြစ် ပါဝင်မှာဖြစ်ပြီး တကယ်အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now