Chapter 11.1

2.7K 525 8
                                    

Unicode

Ch-11.1 လာမမေးနဲ့ ဒါသူ့အလိုလိုသိနေတာ

အစီအစဥ်ပြီးသွားတဲ့နောက်မှာတော့ <စတားတယောက်ရဲ့တနေ့တာဘဝ> ရိုက်ကူးတဲ့ထဲမှာ ပါသွားတဲ့ကျောင်းသားတွေ ကတော့ သေချာပေါက် ပီတိဖြာနေကြတယ်။
ကုရှီက သူ့စကားပြောပြီးတာတောင် သရုပ်ဆောင်ရွေးမသွားတာတော့ နှမြောစရာပဲ။

ပထမခုံတန်းအချို့မှာ ဌာနပေါင်းစုံက
ကြည့်ကောင်းတဲ့ ယောကျာ်းမိန်းမမျိုးစုံ ရှိနေတာတောင်မှ ကုရှီကဒီနေ့ခရီးစဥ်မှာ အသစ်ထည့်ချင်တဲ့ပုံမပေါ်ဘူး။

ဒါပေမဲ့လဲ လူရွေးပွဲကလူတိုင်းပါဝင်နိုင်တယ် လို့ ကုရှီကပြောသွားတယ်။ ရှိုးမလွှင့်ခင် အချိန်ခဏတော့ ရအုံးမှာဆိုတော့ သူတို့အခွင့်အရေးကို ကောင်းကောင်း အသုံးချရမယ်။

ရုံကျင်းလူအုပ်ကြီးနဲ့အတူ အပြင်ထွက်သွားတော့ ဘွဲ့ရပြီးကတည်းက မဆုံရသေးတဲ့ကျောင်းသားတွေက ညနေကျရင် တွေ့ဆုံပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သို့ပေမဲ့ အစီအစဥ်က ရုတ်တရတ်ကြီးဆိုတော့ တချို့ကလူရွေးပွဲ ရှိတာနဲ့ ရိုက်ကွင်းရှိနေ
တာနဲ့ အဆင်မပြေဘူး ဖြစ်နေတယ်။

နောက်ဆုံးမှာတော့ ကျီလဲ့ပင်းကပဲ လူတိုင်းရဲ့အားတဲ့အချိန်တွေကို စစ်လိုက်ပြီး
ပုလဲနက်*ပေါ်မှာ စာရင်းဝင်တဲ့ ရှဲမိသားစု ကြယ်သုံးလုံးစားသောက်ဆိုင်ရဲ့ အပြင်ဝန်းဘက်မှာစားဖို့ နောက်အပတ်မှာ ရက်ရွေးလိုက်တယ်။
[* Black Pearl- ပုလဲနက် အဲတာက တရုတ်ကစားသောက်ဆိုင်လမ်းညွှန်ပါ
အဲ့တာက တရုတ်ရဲ့ကိုယ်ပိုင် Michelin Guide လိုတောင် ခေါ်ကြတယ်]

တကယ်လို့ Michelin stars တွေက အနောက်တိုင်းစားသောက်ဆိုင်တွေကို အကဲဖြတ်ဖို့သုံးတယ်ဆိုရင် ပုလဲနက်ကတော့ အရှေ့တိုင်းအစားအစာကြိုက်သူတွေ အတွက် ပွဲတော်ကြီးဆိုတာ အသေအချာပဲ။

'' ကြယ်သုံးပွင့်စားသောက်ဆိုင်မှာတောင် ဘိုကင်လုပ်ဖို့ ခက်တာ ရှဲမိသားစုဆိုင်ဆိုရင် တော့ ပြောစရာတောင်မလိုဘူး အကောင်းဆုံးထဲကတခုပဲ အရင်ဆုံး ဖုန်းခေါ်ကြည့်ရအောင် ''

'' အခုတလောမှာတော့ ရှဲမိသားစုရဲ့ စီးပွားရေးက လုံးဝကို လျှမ်းလျှမ်းတောက် ဖြစ်နေတာ ''

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now