Chapter 33.2

1.5K 265 7
                                    

Unicode

Ch-33.2

ကျိုးရှန်နဲ့ချိုးရှန်တို့ လာမည့်ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ငန်းအဆိုပြုလွှာစာချုပ်ချုပ်ခဲ့ပြီးတဲ့နောက်မှာ ကျိုးရှန်က
ချိုးရှန်အားအပြင်သို့လိုက်ပို့ပေးသည်။
ချိုးရှန် ကုမ္ပဏီအပြင်ဘက်ကို နောက်တစ်ခေါက် ​ပြန်ရောက်တဲ့အခါ အခုဖြစ်ပျက်သွားတဲ့အရာအားလုံးက အိပ်မက်တစ်ခုလိုပဲ ခံစားနေရ၏။ သူတကယ်ကြီး အောင်မြင်သွားခဲ့တာလား?

သဘောတူညီမှုစာချုပ်က ရက်အနည်းငယ်မတိုင်ခင်အထိ မချုပ်ရသေးဘူးဆိုပေမယ့်လည်း ဒီကိစ္စကပြီးပြတ်နေပြီဖြစ်၏။

သူဒီရင်းနှီးမြှုပ်နှံမှုကို မတော်တဆဖြင့် ရယူလိုက်နိုင်သည်။ ဒီလိုကိစ္စမျိုးဖြစ်လာလိမ့်မယ်လို့ တခြားသူတွေယုံမှာတောင်မဟုတ်ကြဘူး။ ဒီကမ္ဘာကြီးက တကယ့်ကိုထူးခြားဆန်းကျယ်လွန်းတာပဲ။ အရင်က နေမင်းကြီးက သိပ်ကိုပူလောင်လိုက်တာဆိုပြီးတွေးနေခဲ့တာ ဒါပေမယ့် အခုတော့ အနေတော်လေးနွေးထွေးနေတာပဲဟူ၍ ခံစားရသည်။

ရုံကျင်း၏ ဖြူဥရှင်းသန့်နေသည့်မျက်နှာကို သူစဥ်းစားမိလိုက်သည်။ အရမ်းကိုရိုးအ ချစ်စရာကောင်းပြီး ရေလျှံတဲ့သိုးလေးကို သူလုံးဝလက်မလွှတ်တော့ဘူး။

°°°°°

ကုရှီ စောင်ပုံထဲတွင်ခွေနေလျက် မကောင်းတာတစ်ခုခုကို အိပ်မက်မက်နေတာကြောင့် မျက်ဝန်းထဲကနေ မျက်ရည်တွေစီးကျလာခဲ့၏။ သူ့ဘေးက နားကွဲမတတ်ထွက်ပေါ်လာသည့် ဖုန်းမြည်သံကြောင့် ငရဲခန်းအိပ်မက်ဆိုးကနေ လန့်နိုးသွားသည်။ သူနိုးလာတာတော့ အိပ်မက်ကဘာမက်ခဲ့မှန်းတောင် မမှတ်မိတော့ဘူး။ သူငရဲခန်းကိုကြုံတွေ့ခဲ့ရသလိုပဲ ခံစားနေရသည်။

ကုရှီ မျက်နှာပေါ်က မျက်ရည်အစွန်းကွက်တွေကို လက်ဖြင့်ဖိသုတ်လိုက်ပြီး စောင်ပုံထဲပြန်ခွေနေလိုက်သည်။ သူအိမ်ထဲကိုဝင်ပြီးတာနဲ့ အရမ်းအလျင်လိုနေတာကြောင့် ဖုန်းကိုပါဝါပိတ်ထားဖို့မေ့သွားသည်။ သူဖုန်းကိုယူပြီးကြည့်လိုက်တော့ မသိတဲ့နံပါတ်ဖြစ်နေသည်။ သို့ပေမယ့် ဒါဘယ်သူ့ဖုန်းလဲဆိုတာ သူ့စိတ်ထဲမှာခန့်မှန်းမိပြီးသားပင်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now