Chapter 38.2

1.4K 277 11
                                    

Unicode

Ch-38.2

ကုရှီကအရင်ကတစ်ခါမှ fansite မထောင်ဖူးဘူး။ ဒါပေမယ့်ဘယ်လိုလုပ်ရမလဲဆိုတာကိုလေ့လာကြည့်ပြီးတဲ့နောက် အကောင့်ဖွင့်ဖို့စတင်လျှောက်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ fansite ထဲကိုဝင်ဖို့အကောင့်တုနှစ်ခုကိုလဲဖွင့်ခဲ့သည်။ အခုလောလောဆယ် နှစ်ခုပဲလုပ်ထားပြီး နောက်မှလူတွေများလာတော့မှထပ်ထည့်ဖို့စဥ်းစားထားသည်။

ဒါ့အပြင်အရင်ကရုံကျင်းဟာနာမည်သိပ်မကောင်းခဲ့တာမလို့ အနှောင့်အယှက်တွေပေါ်မလာအောင်သူကိုယ်တိုင် ရုံကျင်းရဲ့ဖန်တွေကိုစီစစ်ပေးတာအကောင်းဆုံးပဲ ၊အဲ့တာမှ fansite ထဲကိုဖန်အတုတွေနဲ့
တွေရောမဝင်လာတော့မှာ။

ကုရှီအရင်ကဒါမျိုးတစ်ခါမှမလုပ်ဖူးဘူး။ ဒါပေမဲ့သူလေ့လာလို့ရပါတယ်။

အကယ်၍သူနားမလည်တာရှိရင် သူ့အရင်အေးဂျင့်ပြောခဲ့သလိုမျိုး သုညကနေစလေ့လာရမယ်။ ကုရှီကတော့ပိုပြီးနှံ့နှံ့စပ်စပ်သိတဲ့လုပ်ဖော်ကိုင်ဖက်တွေကို ရံဖန်ရံခါမေးလေ့ရှိတယ်။

သူ့ fansite master တွေဘက်ကသူ့ကိုဆက်သွယ်လာသည်။ သူတင်လိုက်တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးစိတ်ပူနေကြတဲ့ပုံပဲ... ဒါမဲ့ကုရှီဒီတစ်ခေါက်တော့ပြန်မဖြေတော့ဘူး။ ကုရှီ Weibo ကသူရဲ့မိန်းအကောင့်ကိုဝင်ကြည့်လိုက်တော့ သူ့ပို့စ်အောက်မှာ မက်ဆေ့စ်နေရာမှာကောမန့်တွေအများကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။

တခြားတစ်ဖက်မှာတော့ ရုံကျင်းဟာရှဲလင်းရဲ့ကုမ္ပဏီကိုအပြေးအလွှားသွားပြီးတော့ အခုလေးတင်သူ့အစ်ကိုနဲ့စကားပြောလို့ပြီးသွားတာ။

ဒီတစ်ကြိမ်တော့ Fun TV အတွက်နှစ်ဦးနှစ်ဖက်လုံးကနေ အလေးအနက်ထား၍စာချုပ်တွင်လက်မှတ်ရေးထိုးခဲ့ကြသည်။ ရုံကျင်းစာချုပ်မှာလက်မှတ်ထိုးပြီးတာနဲ့ အပြင်ဘက်ကိုလှမ်းကြည့်ကာ ရာသီဥတုကိုတစ်ချက်စစ်ကြည့်လိုက်သည်။ သူကုမ္မဏီကိုရောက်ရောက်လာချင်းတုန်းက ကောင်းကင်ကကြည်လင်နေတာပဲ။ ဒါပေမယ့်ရုတ်တရတ်ကြီး မိုးသက်မုန်တိုင်းကျရောက်တော့မယ်ဆိုတာကိုညွှန်ပြနေသည့်အလား တိမ်မည်းတိမ်စိုင်တွေဖုံးလာခဲ့သည်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now