Chapter 16.2

2.8K 573 17
                                    

Unicode

Ch-16.2 ဒါကရိုးရှင်းတဲ့ ဝိညာဥ်ကူးပြောင်းတာလို့ ငါကထင်နေတာ

လူငယ်ရဲ့ဆံပင်တွေက စိုရွှဲနေတယ်။ သူ့အင်္ကျီက ရေစိုနေတဲ့ကိုယ်ပေါ်မှာ ကပ်နေတယ်။ ရေပြင်နဲ့ရောင်ပြန်ဟပ်နေတဲ့ အလင်းရောင်တွေအောက်မှာ သူရဲ့ကျောက်စိမ်းလိုအသားအရေ သွယ်လျနေတဲ့ခါးက အထင်းသား ဖြစ်နေတော့ သိမ်မွေ့မှုနဲ့မာကျောမှုက တချိန်ထဲမှာ ထုတ်ဖော်ပြနေသလို ဖြစ်နေတယ်။ ဒီအမြင်တခုတည်းနဲ့တင် လူတွေကို စိတ်တွေလှုပ်ရှားလာစေပြီး သူ့ကိုတစစီ ဆွဲဖြဲဖြစ်ချင်စိတ်တွေ ဖြစ်ပေါ်လာတယ်။

ဒီလူငယ်က ရုံကျင်းရဲ့လက်မောင်းတွေထဲမှာ နုံးချိစွာလှဲနေတယ်။

ဒါပေမဲ့ ဘေးနားက Alpha တွေရဲ့ လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါတွေက တဖြေးဖြေးများလာတာကြောင့်ဖြစ်မယ် သူရုတ်တရတ် တုန်ရီလာပြီး မျက်လုံးပွင့်လာတယ်။

သူ့အကြည့်တွေက စိတ်ရှုပ်ထွေးမှုနဲ့ စိုးရိမ်မှုတွေအပြည့်နဲ့ နည်းနည်းလေး မူးဝေနေတဲ့ပုံပဲ။

သူ့လက်မောင်းထဲကလူက အားနည်းနေတယ်ဆိုတာ ရုံကျင်းသိတယ်။ သူက သူ့ကိုဒီတိုင်းလေးပဲ ကြည့်လိုက်ပေမဲ့ ဒီလူက အရမ်းကိုချောတယ်ဆိုတာ သူသတိမထားမိဘူး။ သို့ပေမဲ့ သူ့နားကို အရမ်းနီးကပ်သွားတဲ့အခါမှာ သူ့ဆီကို အရမ်းအန္တရယ်များတဲ့ရိုက်ချက်တွေ ဝင်ရောက်လာသလို ခံစားလိုက်ရတယ်။

ရုံကျင်း သူ့ကိုယ်ထဲကနေ Alpha တယောက်မှာပဲရှိနိုင်တဲ့တစုံတခု ထကြွလာတာကို နောက်တခေါက်ထပ် ခံစားမိလိုက်ပြီး ထိုအရာက သူ့ကိုယ်ထဲကနေ ထိုးဖောက်လာတော့မလို ဖြစ်နေတယ်။ ဒါပေမဲ့ ဒီတုံ့ပြန်ချက်က သူ့ခန္တကိုယ်ထဲကသာ ထွက်ပေါ်လာတာဖြစ်ပြီး သူ့ရင်ထဲက မဟုတ်ဘူးဆိုတာကို သူသိတယ်။ ရုံကျင်းရဲ့အမူအရာက တောင်ကြီးအလား အသက်ကင်းမဲ့နေပြီး အပြောင်းအလဲ လုံးဝမရှိဘူး။

ရုံကျင်း သူ့ပတ်ဝန်းကျင်ကို အေးစက်စွာ ကြည့်လိုက်တယ်။ စိတ်လှုပ်ရှားနေကြတဲ့ လူငယ်တွေရော မိန်းကလေးတွေပါ နည်းနည်းအမူးပြေသွားကြပြီး မသိလိုက်ဘဲနဲ့ ခြေတလှမ်းစီ ဆုတ်မိလိုက်ကြတယ်။

Hold On,You're Something Else [Myanmar Translation]Where stories live. Discover now