သူ(မ)က လက်တို့ကို ကူကယ်ရာမဲ့ခါယမ်းကာ ရှီရီ့ကို စိတ်ပျက်လက်ပျက်ကြည့်လိုက်သည်။ “ကြည့်။ အရုပ်ကောက်တာက ပိုက်ဆံဖြုန်းတီးတာပဲ။”

ရှီရီက ကွိုင် ၂ ပြားထုတ်ကာ စက်ထဲထပ်ထည့်လိုက်သည်။ “ထပ်လုပ်ကြည့်။”

အလောင်းအစားလုပ်ပြီးနောက်မှာ သူ(မ)လည်း ထပ်ကောက်ရန်သာရှိသည်။

ယွီကျီရီက သက်ပြင်းလေးလေးချကာ အရုပ်ကောက်သည့်ခလုတ်ကို ထပ်၍ ထိန်းချုပ်လိုက်သည်။

သူ(မ) လက်လှုပ်ရှားတော့မည့်အချိန်မှာ သူ(မ)ရဲ့လက်ဖမိုးပေါ်မှ အနွေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။

“ထောက်…”

အချိန်ကိုက် ခလုတ်နှိပ်လိုက်သည်။ စက်လက်တံက အရုပ်ကိုယ်ထည်ကိုချိတ်မိသွားပြီး ထွက်ပေါက်ဆီဆွဲလာခဲ့သည်။ ထို့နောက် လွှတ်ချလိုက်သည့်အခါ အကြည်ရောင်အကာပေါ်ကျသွားပြီး ထွက်ပေါက်ထဲသို့မကျဘဲ တဲတဲလေးတင်နေသည်။

နှစ်ယောက်သားက အရုပ်ကိုသာစိုက်ကြည့်နေကြသည်။ နောက်ဆုံးတော့ အရုပ်က ဖြည်းဖြည်းလေးလှုပ်သွားပြီး ထွက်ပေါက်ထဲသို့ကျသွားသည်။

“ဝိုး။ ကျသွားပြီ။ ကျသွားပြီ။”

သူ(မ)ဘာသာ အကြိမ်ကြိမ် အရုပ်ကောက်ခဲ့ပေမဲ့ မည်သည့်ရလဒ်မှမရခဲ့ဘဲ ရှီရီကတော့ ပထမဆုံးအကြိမ်မှာပင် တိတိကျကျကောက်လိုက်နိုင်ခဲ့သည်။ သူ(မ)ရင်ထဲ ရှီရီ့ကို ပို၍ အထင်ကြီးသွားမိတော့သည်။

“ကောကောက အတော်ဆုံးပဲ။”

ဒီတစ်ကြိမ်တော့ သူ(မ)က မည်သည့်အတွေးမှမပါဘဲ နှလုံးသားအောက်ခြေမှ နှစ်နှစ်ကာကာ ချီးကျူးပေးလိုက်ခြင်းဖြစ်သည်။

ဝန်ထမ်းက အရုပ်ကို စက်ထဲမှထုတ်ကာ ယွီကျီရီ့ထံပေးလိုက်သည်။ ၎င်းက ပန်းရောင်နှင့် အဖြူရောင် ယုန်ရုပ်လေးဖြစ်သည်။

ရှီရီက ယုန်ကလေးရဲ့ နူးညံ့သည့်ကိုယ်လေးကို ဖိကြည့်လိုက်သည်။ အရုပ်ရဲ့အသားက အလွန် သက်သောင့်သက်သာခံစားရသည်။

“ကြိုက်လား။”

“အွန်း။ အရုပ်လေးက အရမ်းချစ်စရာကောင်းတယ်။”

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now