သူ(မ)ကတော့ မိသားစုဟန်ချက်ညီရေးကိုရှေးရှုခဲ့ပေမဲ့ သူ(မ)မတတ်နိုင်၍ တကွဲတပြားဖြစ်ကြလျှင်ပင် မိဘတွေရဲ့ဆုံးဖြတ်ချက်ကို လေးစားပေးပါသေးသည်။ သူ(မ)သည်တော့ အဆင်မပြေခံစားနေရသည်။

သူ(မ)က မိဘများအား သူ(မ)ကို ကောင်းကောင်းစောင့်ရှောက်ပေးရန်ပင် မတောင်းဆိုခဲ့ပါ။

"သမီး အိမ်အလုပ်တွေကို ဘယ်လိုလုပ်ရလဲသိပါတယ်။ သမီး ဟင်းချက်နည်းတွေကိုလည်း လေ့လာထားတယ်။ သမီးက ကိုယ့်ကိုယ်ကိုယ်နဲ့ မိသားစုကို စောင့်ရှောက်နိုင်ပါတယ်။ သမီးက နာခံတတ်ပြီး စာလည်းကြိုးစားပါတယ်။ ဒါပေမဲ့.....။"

ဒါပေမဲ့ဘာလို့များ သူတို့တွေက သူ(မ)ကို မလိုချင်ကြတာလဲ။

ကလေးလေးရဲ့ ဝမ်းနည်းပူဆွေးမှုတွေကိုကြားရတော့ အဖွားက ပို၍ပင် စိတ်ဆင်းရဲနေရသည်။ သူ(မ)က မြေးမလေးကိုဖက်ပြီး သူ(မ)လေးရဲ့မျက်ရည်တွေကို တိတ်တဆိတ်သုတ်ပေးနေခဲ့သည်။ "သမီးက အသိတတ်ဆုံးကလေးလေးပါ။ အဖွားက ရီရီ့ကိုအချစ်ဆုံးပဲ။ ရီရီ့ကို အဖွားလိုချင်ပါသေးတယ်။"

အဖွားသည် ရီရီ့ကို ငယ်စဉ်ကတည်းက စောင့်ရှောက်ခဲ့ရတာဖြစ်လို့ သူ(မ)လေးကို အချစ်ဆုံးဖြစ်သည်။

ရီရီလေးငယ်စဉ်က ဘေးတွင်မိဘများမရှိသည့်အတွက် သူ(မ)လေးက အငယ်များထက်ပိုပြီး သိတတ်ခဲ့သည်။ သူ(မ)က အိမ်အလုပ်များကိုလည်းလေ့လာခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်မှာပင် အားလုံးကိုလုပ်နိုင်ခဲ့သည်။ အဝတ်လျှော်၊ ချက်ပြုတ် စသည်တို့တွင်ကူညီခဲ့ပြီး ဘယ်တုန်းကမှ မလုပ်ချင်ကြောင်းမငြိုငြင်ခဲ့ဖူးပါ။ တချို့ဆိုးသွမ်းသည့်ကလေးများလိုမျိုး မိသားစုကို ဒုက္ခမဖြစ်စေခဲ့ပါ။

သူ(မ)ကို တခြားသူများကကောင်းကောင်းဆက်ဆံလျှင် သူ(မ)က ပျော်ရွှင်စွာတန်ဖိုးထားမည်ဖြစ်သည်။ ပြီးလျှင် သူ(မ)ကိုယ်ပိုင်နည်းလမ်းဖြင့် ပြန်ပေးဆပ်မည်ဖြစ်သည်။ သူ(မ)ကို တခြားသူများက ဆိုးရွားစွာဆက်ဆံလျှင် သူ(မ)သည် မကျေနပ်မှုများကို နှလုံးသားထဲတွင်သာသိမ်းထားမည်ဖြစ်ပြီး တခြားသူများနှင့် ခိုက်ရန်ဖြစ်ပွားမည်မဟုတ်ပေ။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now