“ဟေး။ သူ့ကို အရမ်းအလိုမလိုက်နဲ့လေ။”

“အဆင်ပြေပါတယ်။ ကလေးတွေက မုန့်စားရတာကြိုက်တယ်လေ။ တစ်ခုလောက်ဝယ်ကျွေးတာက ပြဿနာမရှိပါဘူး။”

ထိုလူက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ထို့နောက်သူက လက်နှစ်ဖက်စာအပြည့် ဖြည့်စွက်စာတို့ကို စားပွဲပေါ်တင်လိုက်သည်။ ပြီးလျှင် ဆေးရုံကုတင်ပေါ်မှ ရွမ်ချင်း၏မိခင်ကို နှုတ်ဆက်လိုက်သည်။

အဖွားသည် သမီးဖြစ်သူကွာရှင်းရခြင်းအကြောင်းမှာ ယောက်ျားဖြစ်သူရဲ့ ဖြုန်းတီးခြင်းကြောင့်မှန်းသိလေရာ အခုလို လူကောင်းလေးနှင့်ကြုံရချိန်မှာ သမီးဖြစ်သူရဲ့ နောက်တစ်ကြိမ်လက်ထပ်ရေးကို နှောင့်နှေးမှာစိုးတာကြောင့် ထိုသူ့ရှေ့တွင် ခင်ပွန်းဟောင်းအကြောင်း အစမဖော်ပေ။

ထိုထိုသောကိစ္စတို့ကြောင့် ဖုန်းခေါ်ဆိုမည့်ကိစ္စမှာ နှောင့်နှေးခဲ့ရသည်။

ရှီရီသည် ယွီကျီရီတက်နေသည့်ဆေးရုံကို အပြေးလာခဲ့ပေမဲ့ သူရောက်ချိန်မှာတော့ နေ့လယ်ပင်ရောက်နေလေပြီ။ ဆေးရုံဆောင်ကိုမေးမြန်းပြီးနောက် လှေကားမှပြေးတက်ခဲ့ရာ  လှေကားပေါ်မှပြုတ်ကျမလိုပင် ဖြစ်ခဲ့သေးသည်။

ရှီရီက လမ်းတစ်လျှောက်လုံးတွင်လည်း ရီရီဆေးရုံတက်ရသည့်အကြောင်းရင်းကို မရပ်မနားတွေးနေမိခဲ့သည်။ သို့သော် မျက်စိနှင့်တပ်အပ်မြင်လိုက်ရတဲ့အခါ မှန်းဆချက်များထက် ပို၍ ရှော့ခ်ရစေခဲ့သည်။

ယွီကျီရီသည် ခေါင်းတွင်ပတ်တီးစည်းထားရပြီး ညာဘက်ပါးတစ်ခြမ်းလုံးတွင်လည်း ပတ်တီးနှင့်ဖြစ်သည်။ ဒါတောင် မေးစေ့မှဒဏ်ရာကို မြင်နေရသေးသည်။

သူ့ကို အမြဲလိုလို ပြုံးပြတတ်သည့်၊ သူ့လက်မောင်းကို ပြောင်စပ်စပ်နှင့်မှီတွယ်တတ်သည့် ကောင်မလေးမှာ မျက်နှာတစ်ပြင်လုံးတွင် ပတ်တီးအပြည့်နှင့် ကုတင်ပေါ်၌ အသက်မဲ့စွာလှဲလျောင်းနေသည်။

ရှီရီမော့လာတော့ သူ့မျက်လုံးတစ်စုံက သွေးရောင်ကဲ့သို့ ရဲရဲနီနေခဲ့သည်။

ယခုမှဝင်လာသည့်နျဉ်စုယာပင်လျှင် ရှော့ခ်ရသွားရသည်။ “ဘယ်လိုတွေ ဖြစ်ရတာလဲကွယ်။”

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now