သူ(မ)က မျက်ရည်ဝိုင်းနေသည့်မျက်လုံးတို့ကို ဖြည်းဖြည်းချင်းဖွင့်လာကာ “ငါတောင်းပန်ပါတယ်။”

သူ(မ)လက်ဖမိုးလေးကို ထိကိုင်နေသည့်အထိတွေ့တို့ ပျောက်ကွယ်သွားသည်။

ထိုခပ်နွေးနွေးလက်ဖဝါးက သူ(မ)ရဲ့လက်ကလေးကို တင်းတင်းဆုပ်ကိုင်လာပြီး ရှီရီက ရယ်ကာပြောလိုက်သည်။ “နင့်အမှားနင်သိမှတော့ ကောကောက နင့်ကို အမှားပြင်ဆင်ခွင့်ပေးမယ်။ ကောကောနဲ့ အိမ်ပြန်လိုက်ခဲ့နော်။”

အိမ်ပြန်မယ်….ထိုစကားအားကြားသည်နှင့် သူ(မ) မကောင်းသည့်အမှတ်တရများကိုသာ မြင်ယောင်နေမိတော့သည်။ ရှီရီက မိခင်ဖြစ်သူနှင့်ဆွေးနွေးကာ သူ(မ)ကို မြို့သို့ခေါ်သွားရန် စီစဉ်ခဲ့သည်။

မြို့ပြတွင် ရှီမိသားစုဝယ်ထားသည့်အိမ်သည် ပြန်လည်မွမ်းမံလို့ပြီးပြီဖြစ်သည်။ ပစ္စည်းများကိုလည်း တစ်ခုပြီးတစ်ခုရွှေ့ထားနှင့်ပြီးဖြစ်တာကြောင့် တိုက်ရိုက်သွားနေလို့ရလေပြီ။

ထိုအိမ်တွင် အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်းပါသည်။ ရေချိုးခန်းနှင့် မီးဖိုချောင်သည်လည်း သပ်သပ်စီဖြစ်သည်။ မိသားစုသုံးယောက်အတွက်ဆိုလျှင် ဒီအကျယ်ဝန်းက လိုတာထက်ပင်ပိုနေပါသေးသည်။

“ဒီလိုဆိုတော့ ဘယ်ဘက်ကအခန်းလွတ်က ရီရီ့အခန်းဖြစ်သွားတာပေါ့။အမေပြောသားပဲ။ အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါတဲ့အိမ်ကိုဝယ်တာက အမြော်မြင်ရှိတဲ့ရွေးချယ်မှုပါလို့။”

နျဉ်စုယာသည် ရီရီ့ကိုအိမ်ခေါ်သွားမည်လို့ ကတိပေးလိုက်ကတည်းက သူ(မ)လေးကို သေချာဂရုစိုက်ရန် ဆုံးဖြတ်ခဲ့သည်။

သူ(မ)က အခန်းကို သေချာစီစဉ်ခဲ့သည်။ အရောင်အများစုက ပန်းရောင်ဖျော့ဖျော့နှင့် အသားရောင်ဖြစ်သည်။ ထို့နောက် နေ့စဉ်သုံးပစ္စည်းများကိုလည်း စီစဉ်ပေးခဲ့သည်။ နျဉ်စုယာက အခန်းကို ပိုမိုအသက်ဝင်သွားအောင် ပန်းအိုးတစ်အိုးပါထည့်ထားလိုက်သည်။

အားလုံးပြီးနောက် နျဉ်စုယာက ခါးထောက်ကာ တစ်ခန်းလုံးရဲ့အပြင်ဆင်ကို ဂုဏ်ယူနေမိသည်။ အလွန်စိတ်ကျေနပ်မိသည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now