[ t/n : မျက်နှာဖြတ်ရိုက် - အရှက်ရစေ ]

ရွမ်ချင်းက ပြောထားသည့်အတိုင်း လဝက်နေပြီးတာနှင့် ပြန်သွားခဲ့သည်။ ထိုအခါမှသာ ယွီကျီရီလည်း သာမန်ဘဝကို ပြန်ရတော့သည်။ သာမန် အလယ်တန်းကျောင်းသူများလို စာကြည့်မည်။ ကစားမည်။

နွေရာသီကျောင်းပိတ်ရက်ပြီးနောက် သူတို့လည်း တစ်တန်းကြီးခဲ့ပြန်ပြီ။ သူတို့သည် ဒီနှစ်ဝက်စသည်နှင့် အလယ်တန်း တတိယနှစ်သို့ ရောက်တော့မည်ဖြစ်သည်။

ကျောင်းဝန်းကြီးသည် များလွန်းလှသည့် အလယ်တန်းပထမနှစ် ကျောင်းသားသစ်လေးများကို ကြိုဆိုနေလေသည်။ ထို့ပြင် ရှီရီသည် သူ၏ ကျောင်းမြက်လေးနှင့် ရွှယ်ပ ဆိုသည့်ခေါင်းစီးကို သုံးနှစ်ဆက်တိုက် သိမ်းပိုက်ထားနိုင်ဆဲဖြစ်သည်။ ဒါကပင် မူလတန်းကောင်မလေးတချို့အား နွေးဦးလေးလိုခံစားချက်ကို ပေးစွမ်းနေသည်။

[ t/n : ကျောင်းမြက်က ကျောင်းရဲ့ လူကြိုက်များတဲ့အဆင်လေးပါ။ ရွှယ်ပက ဆရာကြီးပါ။ စာတော်တဲ့ hyper ကြီးတွေကို သုံးတာပါ ]

ဒီအရွယ်ကလေးများက ချစ်ကြောင်းကြိုက်ကြောင်းကို ရှက်သလိုရွံ့သလို၊ သထိထားနေသလို အမူရာလေးများနှင့် ဖော်ပြကြသည်။  တစ်ခါတစ်ရံတွင်တော့ အုပ်စုဖွဲ့၍ လျှို့ဝှက်စွာ ဆွေးနွေးကြသေးသည်။ သို့ရာတွင် လူနည်းစုကသာ သူတို့နှလုံးသားကို အလျင်စလို ဖွင့်ဟပြရဲကြသည်။

သို့ပေမဲ့ အရာအားလုံးတွင် ခြွင်းချက်ဟူသည် ရှိစမြဲပင်။ သတ္တိရှိ ပွင်းလင်းသည့် အလယ်တန်း ပထမနှစ်ကျောင်းသူလေးသည် အလယ်တန်းတတိယနှစ်အခန်းကိုလာပြီး တစ်ယောက်ယောက်ကို စောင့်နေခဲ့သည်။ သူ(မ)က ရှီရီ့ကိုမြင်တော့ တံခါးနားမှနေ၍ တားလိုက်သည်။ “ကျောင်းသားရှီရီ။ အစ်ကို့မှာ ချစ်သူရှိလား။”

နားထောင်ကြစမ်း။ ဘယ်လောက်တောင် တဲ့တိုးဆန်သည့် ဖွင့်ပြောမှုကြီးလဲ။

ရှီရီကတော့ မပြောင်းမလဲပင်။ ဤမျှသာ တုန့်ပြန်လိုက်သည်။ “အားနာပါတယ်။” ပြီးတာနှင့် ဘေးမှ ကြောင်အနေသည့်ယွီကျီရီကိုဆွဲပြီး အခန်းထဲဝင်ခဲ့သည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now