အတန်းစာရင်းကိုကြည့်ပြီးနောက် သူ(မ)က ပျော်လွန်း၍ ထခုန်မတတ်ပင်။ “ကောင်းလိုက်တာ။ ငါတို့က တစ်ခန်းထဲဖြစ်နေတုန်းပဲ။ ကံစပ်ပုံများ။”

ဆိုလိုသည်မှာ သူတို့က နောက်သုံးနှစ်ထိ အတူတူရှိဦးမည်ဖြစ်သည်။

ရှီရီက အတန်းစာရင်းကို ကြည့်ပြီး သူ့နှာခေါင်းသူ ရှက်ရွံ့စွာပွတ်လိုက်သည်။

သူ့ဘက်က မြို့ထဲရှိ အကောင်းဆုံးသော အလယ်တန်းကျောင်းကိုငြင်းဆိုခဲ့ပြီးနောက် မြို့ထဲမှ အလယ်တန်းကျောင်းနှစ်ကျောင်းက သူ့အိမ်ကိုဖုန်းခေါ်ရန် အလုအယက်ကြိုးပမ်းခဲ့ကြသည်။ထို့ကြောင့် သူလည်း ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ တစ်ခန်းထဲကျရန် တောင်းဆိုခဲ့တာ ဖြစ်သည်။

သူ အခန်းထဲသို့ ဝင်လာချိန်တွင် အခန်းထဲရှိ လူဦးရေ၏ သုံးပုံတစ်ပုံသာ ကျိုးတိုးကျဲတဲ ထိုင်နေကြသည်။

ရှီရီတစ်ယောက် အခန်းကို တစ်ချက်ဝေ့ကြည့်ပြီး ယွီကျီရီကို ပြောလိုက်သည်။ “တစ်နေရာ ရွေးလိုက်။”

သူ(မ)ကို နေရာရွေး၍ အရင်ထိုင်ရန် ပြောလိုက်သည်။

ယွီကျီရီက ခေါင်းလှည့်ပြီး ရှီရီ၏ အရပ်အမြင့်ကို တစ်ချက်ကြည့်ကာ အတန်း နောက်ဘက်သို့ လျှောက်သွားလိုက်သည်။

မူလတန်းတစ်လျှောက် ရှေ့သုံးတန်းတွင်သာ ထိုင်ခဲ့သည့် ကောင်မလေးက နောက်ဆုံးမှ ရေလျှင် ဒုတိယတန်းတွင် ထိုင်လိုက်သည်ကို တွေ့သောအခါ ရှီရီက ရယ်၍ “ဒီမှာထိုင်။ တခြားသူတွေရဲ့ ခေါင်းတွေကို ကြည့်မလို့လား။”

ယွီကျီရီ : “…”

သူ(မ)က အစ်ကို ဖြစ်သူနောက်လိုက်ပြီး နီးနီးကပ်ကပ် နေချင်ရုံသာ ဖြစ်သည်။

ရှီရီက ရီရီ့ ကျောင်းလွယ်အိတ်အလွတ်ကို ယူပြီး သူ(မ)ကို စတုတ္ထတန်းဆီ ခေါ်လာကာ နှစ်နေရာစာကို ပိုင်စိုးပိုင်နင်းဖြင့် ဦးလိုက်သည်။

ယွီကျီရီက တုံ့ဆိုင်းစွာ မေးလိုက်သည်။ “ကောကော။ နင် ဒီမှာထိုင်လို့ အဆင်ပြေရဲ့လား။”

သူ(မ)က ရှီရီတစ်ယောက် သူ၏ အရပ်အမြင့်ကြောင့် နောက်ဆုံးတန်းသို့ ပြောင်းသွားမည်ကို စိုးရိမ်နေခဲ့တာ ဖြစ်သည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now