"ဟန်နီ ငါ့ကိုလွှတ်။"

လီချန်းရန်က သူ့ကို ရှဲ့ယွီ ဟန်နီလို့ တကယ် ခေါ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူက မျက်ခုံးပင့်ထားပေမယ့် မှုန်ကုပ်နေပုံပေါ်တာကြောင့် ခြေတစ်လှမ်းဆုတ်ပြီး လွှတ်ပေးလိုက်သည်။ 

တစ်ယောက်နဲ့တစ်ယောက် ဝေးကွာသွားတဲ့အချိန် မစ္စတာ ရန်က ပြတင်းပေါက်ကနေ ဖြတ်သွားသည်။ အတန်းထဲမှာ စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ စုံတွဲကို သတိမထားမိလိုက်ဘူး။

မစ္စတာရန် ပြတင်းပေါက်မှ ပျောက်ကွယ်သွားပြီးနောက် ရှဲ့ယွီက သက်ပြင်းတစ်ချက်ချကာ စားပွဲပေါ်မှ ခုန်ဆင်းလိုက်သည်။ လီချန်းကန်က ရှုံ့တွနေသော အဝတ်အစားများကို ချွတ်လိုက်သည်။

သဘာဝမကျသော အနီရောင် အရိပ်တစ်ခုက သူ့ပါးပြင်ကို စွန်းထင်းသွားကာ နှလုံးသားထဲတွင် ခါးသီးနေသည်။

လီချန်းရန် ရှဲ့ယွီက ဝမ်းနည်းသောအမူအရာဖြင့် သူ့အဝတ်အစားများကို ချွတ်လိုက်သည်ကို ကြည့်နေခဲ့သည်။ အဲ့ဒါက တစ်နည်းတစ်ဖုံအားဖြင့် သူတို့ လိင်ဆက်ဆံဖူးသလိုပဲ။ သူ့စိတ်ထဲတွင် လှုပ်လှုပ်ရွရွ တစ်စုံတစ်ခု ခံစားရပြီး ရှဲ့ယွီကို နှစ်သိမ့်ဖို့ တစ်ခုခုပြောချင်သော်လည်း ရှဲ့ယွီက သူ့အဝတ်အစားများကို ချွတ်ပြီးနောက် ရုတ်တရက် မော့ကြည့်ကာ ဟန်ဆောင် ပြုံးပြလိုက်သည်။

လီချန်းရန် အခြေအနေကို မတုံ့ပြန်နိုင်ခင်မှာဘဲ ရှဲ့ယွီက  ၎င်း၏ ညာခြေထောက်နှင့် ဒူးနောက်ကို ကန်နေပြီဖြစ်သည်။ 

ဒီကန်ချက်က အတော်လေး ရက်စက်ကြမ်းကြုတ်ပြီး ခွန်အားအပြည့်ရှိသည်။ လီချန်းရန်က သတိမထားမိဘဲ လဲကျမသွားခင် တုန်လှုပ်သွားခဲ့သည်။ 

ရှဲ့ယွီက သူရုတ်တရက် ဒေါသဖြစ်ရသည့်အကြောင်းအရင်းကို မသိလိုက်ပေ။ ဤအချိန်ကာလတစ်လျှောက်တွင် သူစုဆောင်းထားသော နာကြည်းမှုများ ရုတ်တရက် ပေါက်ကွဲသွားသလိုပင်။ 

လီချန်းရန်က သူ့ကို ကြိုက်လို့ ပရောပရည်လုပ်တာမဟုတ်ဘဲ လီချန်းရန်က သူ့ကို လက်စားချေချင်လို့ပဲ ဆိုတာ သိတာကြောင့်ပါ။ 

You've reached the end of published parts.

⏰ Last updated: Jul 16, 2023 ⏰

Add this story to your Library to get notified about new parts!

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now