Ch 26

3.3K 372 0
                                    

ရေချိုးခန်းမှန်နံရံက အမှန်တကယ်ကို တစ်ပိုင်းတစ်စမြင်နိုင်သည်



ကြောင်မွေးတဲ့ ပထမနေ့မှာ အသစ်အဆန်းများက မပျောက်ပျက်သွားပါ။ ယန်ချုံးက သူနဲ့တစ်နေကုန်ကစားခဲ့ပြီး အဲ့နောက်မှာတောင် သူကမပျင်းခဲ့ပါဘူး။  ကောင်းကင်က တဖြည်းဖြည်းစတင်မှောင်လာသောအခါ ကျိရှင်းလန်က သူ့ကိုရေချိုးပေးဖို့နဲ့ အိပ်ဖို့တိုက်တွန်းသော်လည်း မကူညီနိုင်ခဲ့ပေ ။

ယန်ချုံးက ကြောင်ပေါက်လေးကို ကူရှင်သုံးပြီးအခန်းထဲ ဆွဲသွင်းလိုက်တယ်။  ကြောင်လေးကို အခန်းထောင့်တွင်နေရာပေးထားခဲ့သည်။ ထို့နောက် သူကရေချိုးခန်းထဲမ၀င်ခင် ၎င်းကိုအနောက်တွင်ထားခဲ့သည်။

ယန်ချုံးက လန်လန်နဲ့ တစ်နေကုန်ကစားခဲ့ပြီး ကြောက်ပေါက်လေးက မညစ်ပတ်ရင်တောင်မှ သူကြောင်လေးကို ရေချိုးပေးသင့်သည်။

ဤတိုက်ခန်းက သိပ်မကြီးပါ၊ဒါပေမယ့် သူနဲ့ကျိရှင်းလန်တို့က  စတုရန်းမီတာတစ်ရာခန့်ကျယ်ဝန်းသည့် တိုက်ခန်းတွင်နှစ်ဦးတည်းသာ နေနေကြတာကြောင့် အဲ့တာကလုံလောက်တာထက်ပိုသည်။ တိုက်ခန်းတွင်ရေချိုးခန်းက တစ်ခုတည်းသာရှိပြီး အဲ့တာကမာစတာအိပ်ခန်းဘေးတွင်ရှိသည်။ ယန်ချုံး ရေချိုးဖို့ရေချိုးခန်းထဲ၀င်သွားသောအခါ ကျိရှင်းလန်က ရေချိုးပြီးသွားပါပြီ သူက သူ့ ခြေထောက်များကို ကုတင်ပေါ်တင်လိုက်ကာ ခေါင်းအုံးကိုမှီပြီး သူ့ terminal နှင့်ကစားနေသည်။

မနေ့ညက ယန်ချုံးဟာ ကျိရှင်းလန်ရဲ့  အခန်း၌ရေချိုးပြီးသည်နှင့် ဤအခြေအနေတစ်ခုလုံးကိုထူးဆန်းစွာ မတွေ့ရချေ။  ထို့ကြောင့် သူကသူ့ညဝတ်အင်္ကျီကိုကောက်ယူပြီး ရေချိုးကန်ထဲကို ရေနွေးထည့်ဖို့ ရေချိုးခန်းကိုသွားခဲ့သည်။

  ဒါပေမယ့် ယန်ချုံး ဆေးကြောနေစဉ်လမ်းတစ်ဝက်၌ အခိုးအငွေ့များဖုံးနေသော ဖန်နံရံကိုအားစိုက်ကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သောအခါ  တစ်စုံတစ်ခုကို ရုတ်တရက်တွေ့လိုက်ရသည်။

အချစ်ဟိုတယ်များတွင် သုံးသောဖန်နံရံလိုမျိုး ရေချိုးခန်းရှိမှန်ကတစ်ပိုင်းတစ်စမြင်နိုင်သည် ။  ယန်ချုံးက မှန်ကိုအတွင်းမှဖြတ်သန်းပြီး ကြည့်လိုက်သောအခါ အပြင်ဘက်မှတစ်စုံတစ်ယောက်ကို ဝိုးတဝါးမြင်နိုင်ပြီး ကုတင်ဘေးတွင် မီးရောင်တစ်ခုကိုထွန်းထားသည်။ သူရှင်းရှင်းလင်းလင်းမမြင်ရနိုင်ရင်တောင် အကြမ်းဖျင်းဖော်ပြချက်က အတော်လေးကွဲပြားနေသေးသည်။


Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now