Ch 25

3.7K 401 9
                                    

“  လန်လန်၊ မင်းကအရမ်းတော်တဲ့ကြောင်ပေါက်လေးပဲ ”

 ယန်ချုံး က ဗီရိုထဲကကူရှင်တစ်ခုကိုထုတ်လိုက်ပြီး ကြောင်ကလေးကိုဆိုဖာဘေးမှာ ခဏထားလိုက်တယ်။  ထို့နောက်သူက မီးဖိုချောင်မှ ပန်းကန်ပြားကိုထုတ်ပြီး သန့်ရှင်းသောရေအနည်းငယ်ထည့်ပေးခဲ့သည်။


သူလုပ်ပြီးသွားတာနဲ့ သူအပြစ်ရှိတယ်လို့ခံစားရတယ်၊ ဒါကြောင့်သူကနောင်မှာ သူ့ကိုယ်သူမဆန့်ကျင်ဖို့ သူက ကျိရှင်းလန်အတွက် ဟင်းချက်ဖို့ စဉ်းစားနေတာကြောင့် ဟင်းသီးဟင်းရွက်များကိုလှီးဖြတ်ရန် မီးဖိုချောင်ကိုသွားလိုက်တယ်။ကျိရှင်းလန်က ကြောင်ကိုအောက်ကိုပစ်ချလိုက်မှာလား ယန်ချုံးဆီပစ်လိုက်မလားဆိုတာကို ထည့်သွင်းမစဥ်းစားတော့ဘဲ  သူကကျိုးကြောင်းမဆီလျော်သော ပြချက်မဲ့အာဏာရှင်တစ်ယောက်အဖြစ် ကျန်ရစ်ခဲ့သည်။

ယန်ချုံးက ဟော့ပေါ့နှင့်ဆော့စ်အနှစ်အတွက် စူပါမားကတ်မှ အခြေခံပစ္စည်းကို ၀ယ်ယူခဲ့သည်။သူတို့သည် ပါဝင်ပစ္စည်းများကိုဆေးကြောရန်လိုအပ်ပြီး ၎င်းတို့ကိုဟော့ပေါ့ထဲသို့မထည့်မီ အနည်းငယ်လှီးဖြတ်ရန်လိုအပ်သည်။

 ယန်ချုံးက စျေး၀ယ်အိတ်များကို မီးဖိုချောင်ထဲသို့ယူလာပြီး ကျိရှင်းလန်၏ခြေထောက်များကို မနာလိုမှုအနည်းငယ်ဖြင့်ကြည့်လိုက်သည်။ကျိရှင်းလန်က ရုပ်ရည်ချောမောပြီး အာလူးကိုအခွံနွှာနေစဥ် အေပရွန်ကိုဝတ်ထားရင်တောင်မှ ကြည့်ကောင်းနေသည်။  သူကအခြောက်တစ်ယောက်ရဲ့ပုံနဲ့လုံးဝမတူဘူး။  သူ၏အဆင့်မြင့်တဲ့ အနက်ရောင်ရှပ်အင်္ကျီလက်များကို ခေါက်တင်ထားပြီး Alphaတွေအတွက် အထူးပြုလုပ်ထားသော terminal တစ်ခုအား သူ၏လက်ကောက်ဝတ်တွင် ပတ်ထားသည်။

 ကျိရှင်းလန်က မီးဖိုချောင်၌ပါဝင်ပစ္စည်းများကို တစ်ဦးတည်းစီစဉ်သည်။  အမှန်တော့ ယန်ချုံးက သူ့ကိုကူညီဖို့တကယ်မလိုအပ်ဘူး၊ ဒါပေမယ့် ယန်ချုံးက ဆေးကြောဖို့သူ့ကိုကူညီချင်တယ်လို့ပြောခဲ့တာကြောင့် သူငြင်းမှာမဟုတ်ဘူး။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now