Ch 94

1K 129 0
                                    

အပိုင်း ၉၄:  ကိုယ်ဝန်ဆောင်ပညာရေး

ယန်ချုံး ကလေး၏ဖခင်သည် သတ်ဖြတ်ချင်စိတ်နဲ့အတူ ရုတ်တရက်ပေါ်လာသည်။  ရန်လိုတဲ့ အော်ရာကို ပေးလာသည် ။ 

အချင်းချင်း ရန်ဖြစ်နေကြသော Alphaနှစ်ကောင်သည် ဓာတ်လိုက်ခံရပုံရသည်။  သူတို့၏ ဦးခေါင်းခွံများမှ တုန်လှုပ်ခြောက်ခြားမှုတစ်ခုသည် သူတို့၏ ကျောရိုးစွန်းများဆီသို့ တည့်တည့်တိုးဝင်သွားသည်ကို ခံစားလိုက်ရပြီး ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် အသံကိုပင် မထုတ်ဝံ့တော့ပေ။

ကလေးဖခင်ရောက်လာပြီကို ရှဲ့ယွီ သိသောကြောင့် ဘာမှမပြောတော့ပါ။  ထိုအချိန်တွင် ချန်ကုံးက အားနည်းသူများကိုသာ အနိုင်ကျင့်တဲ့ အမျိုးအစားဖြစ်ပြီး ရှဲ့ယွီကို တိုက်ခိုက်ရန် သူ့အရွယ်အစားကို အသုံးပြု၍ သတ္တိရှိခဲ့သည်။ ထိပ်တန်း Alphaတစ်ယောက်နဲ့တွေ့တဲ့အခါ အနိုင်ယူလို့မရတော့ဘဲ ချက်ချင်းဆိုသလို သူရဲဘောကြောင်သွားခဲ့တယ်။

သူတို့နှစ်ဦးစလုံးသည် ထိပ်တန်းအတန်းအစား Alphaကို နောက်ဆုံးအကြိမ်အဖြစ် ခံနိုင်ရည်ရှိအောင် တွေ့ကြုံခဲ့ရသည်ကို မှတ်မိကြသောကြောင့် ရန်မဖြစ်ကြတော့ပေ။

ယန်ချုံးက ဤသုံးနည်းဖြင့် အာဏာရရှိရေး တိုက်ပွဲတွင် ရုန်းကန်လှုပ်ရှားခဲ့သည်။

သူက ကျိရှင်းလန် မျက်စိအောက်ကနေ ငါးမိနစ်ခန့်သာ လွတ်သွားပြီး ဤလူက သူ့နောက်သို့ လိုက်လာသည်။  သူ့ကို လက်ပူးလက်ချက် လာဖမ်းတယ်။

ငါးမိနစ်ပဲရှိသေးတယ်။  သူ့ကို လိမ်ဖို့ကြိုးစားတာကို မေ့လိုက်ပါ၊ သူက ဒီလူတွေနဲ့ စကားပြောဖို့ အချိန်တောင် မရှိတော့ဘူး။

ရှဲ့ယွီနဲ့ ချန်ကုံးတို့က အပစ်အခတ်ရပ်စဲရေးတွင် ယာယီအခြေချရန် ဆုံးဖြတ်ခဲ့ကြသည်။  ယင်းအစား တံခါးဘောင်ပေါ်တွင် လက်တစ်ဖက်တင်လျက်ရှိသော Alphaကို သတိထား ကြည့်နေခဲ့ကြသည်။  သူတို့က  ယန်ချုံးရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ထွက်သွားခဲ့တာကို စောင့်ကြည့်နေခဲ့ကြတယ်

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Onde as histórias ganham vida. Descobre agora