Ch 4.

8K 1.1K 51
                                    

( လက်ထပ်ရမယ်)

မစ္စစ်ကျိ စကားများကိုနားထောင်ပြီးနောက် ယန်ချုံးက မျက်နှာကျက်ကို ကျယ်လောင်စွာ ဝေါခနဲရိုက်လိုက်သလို အချိန်ကြာမြင့်စွာ သတိပြန်မဝင်လာဘဲပါးစပ်ကိုဖွင့်၍ စကားမပြောနိုင်ခဲ့ပေ ။

ကျိရှင်းလန်ရဲ့ စေ့စပ်ထားသူဖြစ်ရတာနဲ့တင် စိတ်ဆင်းရဲစရာကောင်းလောက်ပြီဟု ထင်ထားခဲ့တာ အခုအဆင့်ထပ်တိုးရမှာလား ? 

မစ္စကျိ သူ့လက်ကိုဆုပ်ကိုင်ပြီး သူ(ယန်ချုံး) ပျော်နေတယ်လို့ထင်သွားခဲ့တယ် ။ "ရှောင်ချုံး မားက သားကိုအရမ်းချစ်တာ သိတယ်မလား။ မားတို့မိသားစုက သားကိုနှိပ်စက်မှာမဟုတ်ပါဘူး။ မားတို့က သားအတွက်အကြီးဆုံးမင်္ဂလာဆောင်ပြင်ဆင်ပေးမယ် ... "

ယန်ချုံးက ဘေးတွင်ရပ်နေသော ကျိရှင်းလန်ကို တစ်ချက်ကြည့်လိုက်သော်လည်း နောက်ဆုံးတော့ သူကမတုံ့ပြန်လာခဲ့ဘူး ။ ယန်ချုံးက ထစ်ထစ်အအနဲ့ ငြင်းဆိုခြင်းသာလုပ်နိုင်ခဲ့တယ် -“ ဒါ... ဒါကြီးက…မသင့်တော်ဘူး…”

"အဲဒါကဘာမှားနေလို့လဲ ?  မားတို့မိသားစုမှာပိုက်ဆံမလုံလောက်လို့လား ? မားတို့လိုအပ်တာက ချွေးမတစ်ယောက်ပဲ "  မစ္စစ်ကျိက သူကယဉ်ကျေးတယ်လို့ ထင်ခဲ့တယ်။  သူမကသူ့လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး အားတက်သရောနှင့် သူရဲကောင်းဆန်စွာပြောခဲ့သည်။

“ ……” ယန်ချုံးက ကျိရှင်းလန်ကို အကူအညီတောင်းဖို့ မျက်လုံးလွှဲလိုက်သော်လည်း ကျိရှင်းလန်က သူ့ကိုနားမကြားသလို မျက်နှာလွှဲသွားသည်။  သူကမလှုပ်မယှက်နဲ့ ရုပ်တုတစ်ခုလိုမျိုး စကားတစ်လုံးမှ မပြောဘဲတောင့်တင်းစွာရပ်နေခဲ့သည်။

သူက မစ္စကျိ ရဲ့တောက်ပတဲ့မျက်နှာ အမူအရာကိုကြည့်ပြီး သူမရဲ့ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေကို ဖျက်ဆီးဖို့ရှက်ခဲ့ပေမယ့် အခုအရေးကြီးဆုံးကအိမ်ထောင်ရေးကို ရပ်တန့်ဖို့ဘဲ။  “ ငါမလုပ်ဘူး…” သူကအသံမာမာဖြင့်ပြောသည်။

သူငြင်းဆန်ရန် နီးသွားသော်လည်း ရုတ်တရက် သူတိတ်ဆိတ်သွားသည်။  သူက ကျိရှင်းလန်ကို ဒေါသတကြီးငေးကြည့်ပြီး နောက်ဆုံး ဘာမှမပြောပေမယ့် ယန်ချုံး ရုတ်တရက် ချွေးတွေထွက်လာတယ်။  သူကသူ့ကိုဖိနှိပ်ဖို့ pheromones သုံးလိုက်တာဘဲ!

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now