Ch 102

1K 106 0
                                    

အပိုင်း ၁၀၂ - လာ၊ ငါနဲ့ လာကစား

အသားကင်ဆိုင်မှ ထွက်လာပြီးနောက်မှာ ယန်ချုံးက ရှေ့ခရီးသည် ထိုင်ခုံတွင် ကျေနပ်စွာ ဝင်ထိုင်လိုက်သည်။  သူအရမ်းပြည့်နေတော့ ထိုင်ခုံခါးပတ်ကို တင်းဖို့မလွယ်ဘူး။

ကျိရှင်းလန်က လက်တွေ့တွင် ဘာမှမစားရသေးသဖြင့် ယန်ချုံးက သူ တစ်ဦးတည်းသောသားပြည့်သွားသည့်အတွက် အနည်းငယ် အပြစ်ရှိသလိုခံစားရကာ ကျိရှင်းလန်ကို  "မင်းဗိုက်ဆာနေပြီလား?  မင်းဘာမှမစားခဲ့ဘူး"

ကျိရှင်းလန်က ကားကို ဆက်မောင်းပြီး နောက်ကြည့်မှန်မှတဆင့် သူ့ကို လှမ်းကြည့်လိုက်သည်။

"ကိုယ် ဗိုက်မဆာဘူး"

"အဲလိုအကိုက်နည်းနည်းစားရုံနဲ့ အဆင်ပြေလား ?"  ယန်ချုံးက စိတ်ဝင်တစား မေးလိုက်သည်။

"ဘာမှားလို့လဲ?"  ကျိရှင်းလန်က စကားဝိုင်းနှင့်အတူ သဘာဝအတိုင်း လိုက်ပါသွားခဲ့သည်။  "ကိုယ် မင်းကို အပြည့်ဖြည့်ဖို့ ခွန်အားမရှိမှာ စိတ်ပူလို့လား"

"ကျစ်... မဟုတ်ဘူး... ငါ ၊  ကျိရှင်းလန် မင်းက ယောက်ျားတစ်ယောက်ဖြစ်ပြီး မင်းရဲ့စားချင်စိတ်က မိန်းမတစ်ယောက်ထက် ​နည်းတယ် "  ကျိရှင်းလန် ဗိုက်မဆာဘူးဆိုတာ ယန်ချုံးက မယုံဘူး။

ငယ်ရွယ်ပြီး သန်စွမ်းသော အယ်လ်ဖာက ဘာလို့  အစာစားဖို့ မလိုအပ်လဲကို သူ နားမလည်နိုင်ခဲ့ပါ။

"လင်းဝေက တစ်ကြိမ်တည်းမှာ တောင်ပံကင်ဆယ်ခုကျော်ကို စားနိုင်ခဲ့ပေမယ့် မင်းက ဝက်အူချောင်းတစ်ချောင်းပဲ စားခဲ့တယ် "  ယန်ချုံးက လက်ညိုးထိုးပြပြီး ထက်မြက်စွာ ပြောလိုက်သည်။

ဒါကိုကြားတော့ ကျိရှင်းလန်က နောက်ဆုံးမှာ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။

သူ မကျေမနပ် ဖြစ်နေသည်။  "မင်းအရင်က လင်းဝေ နဲ့တွဲစားဖူးတာလား? "

“…ဟုတ်တယ်”

အတူတူစားကြတာပေမယ့် ကျိရှင်းလန်က တစ်ခုခုဖြစ်သွားသလိုမျိုး ပြင်းပြင်းထန်ထန် အသံထွက်လာတယ်။  သူသည် မနာလိုစွာ ရယ်မောနေပုံရသည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now