Ch 115

741 76 0
                                    

အပိုင်း ၁၁၅ - ဤအရာသည် ဒီဘဝတွင် ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦးသာ သက်ဆိုင်ကြောင်း သက်သေဖြစ်သည်။


ယန်ချုံး သည် မနက်ခင်းတွင် မျက်လုံးဖွင့်လိုက်သောအခါတွင် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။

ဒီခံစားချက်ကို သူအရမ်းရင်းနှီးသည်။

ပါးပြင်များ ပူလောင်ကာ အသက်ရှုမြန်ပြီး နှစ်သိမ့်မှုကို တောင့်တခဲ့သည်။


မနက်ခင်းဖြစ်စဉ်နဲ့ မတူဘူး။  ယန်ချုံး က အံသွားတွေကို တင်းတင်းကြပ်ကြပ် ကြိတ်ထားပြီး စောင်ကို ခဏလောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေမယ့် ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုက ပျောက်မသွားပါဘူး။

ဒီလို တုံ့ပြန်မှုမျိုး သူ့မှာ ရှိခဲ့တာ ကြာပါပြီ။  ရုတ်​တရက်​ heatကြောင့်​ သူနိုးလာသည်​။  ဒီတစ်ကြိမ် သူ့ရဲ့တုံ့ပြန်မှုက အရင်အကြိမ်တွေထက် ပိုပြင်းထန်တယ်လို့ ယန်ချုံး ခံစားရသည်။


ကံကောင်းထောက်မစွာ၊ သူ့ Alpha သည် သူ့အနားတွင် ရှိနေခဲ့သည်။  ရှည်လျားသောလက်မောင်းသည် သူ့ကို ရစ်ပတ်ထားဆဲဖြစ်သည်။  သူ၏ pheromoneများက သူ့ကို နှစ်သိမ့်ပေးခြင်းဖြင့် ယန်ချုံး၏ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့သည်။

  နီရဲနေသော ပါးပြင်များနှင့် နီထွေးတဲ့ နှုတ်ခမ်းများနှင့်အတူ ယန်ချုံး သည် ဤအဆင်မပြေမှုပြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို သိချင်လာသည်။  သူသည် ထုံကျင်နေသော ခြေသလုံးကြွက်သားများကို ရွှေ့ကာ ဖြည်းညှင်းစွာ လှည့်ပြီး ကျိရှင်းလန် ဘက်ကို မျက်နှာမူလိုက်သည်။

မျက်လုံးမှိတ်ထားသော်လည်း Alphaအဖြစ် ရှိနေခြင်းမှာ လျော့မသွားပေ။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်သောကြောင့် ယန်ချုံးသည် သူ၏အိပ်နေသောမျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

သူ၏ ခံ့ညားထည်ဝါတဲ့ နှာတံနှင့် ရှည်လျားသော မျက်တောင်တို့ကို အထင်းသားမြင်ရသည်။  ပန်းနုရောင်နှုတ်ခမ်းလေးတွေက နမ်းဖို့ လိုက်ဖက်ပြီး မျက်လုံးတွေက တကယ်ကို သဘောကျစရာပဲ။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now