Ch 87

1K 117 2
                                    

အလိမ်အညာတွေပေါ်လာပြီ


 သူ့အလိမ်အညာတွေ ပေါ်လာပြီ။ ယန်ချုံးက ကျိရှင်းလန် ၏ လက်ထဲမှ မာဖလာကို အနည်းငယ် စိတ်ပျက်နေသော အမူအရာဖြင့် စိုက်ကြည့်နေသည်။  သူက အတော်လေးကို အဆင်မပြေတဲ့ အကြည့်နဲ့ လှည့်လိုက်ပြီး မျက်နှာကျက်ကို ကြည့်လိုက်တယ်။


'ငါတော့ ကြေကွဲပါပြီ '


သူဟာ သူ့ရဲ့ အစားအသောက်ကတ်ထဲတွင် ငါးယွမ်သာရှိသော ရိုးရိုးအထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး Hermes ဆိုတာကို သူဘယ်လိုသိနိုင်မှာလဲ?!


ယန်ချုံးက သူ့မျက်ရည်တွေကို တိတ်တဆိတ် မျိုသိပ်လိုက်သည်။အိမ်တော်ထိန်းက အလွန်ယုံကြည်စိတ်ချရတယ် သို့မဟုတ် အားကိုးလို့မရဘူးလို့ သူပြောသင့်လား?


ယန်ချုံးက  ဘာမှလုပ်စရာမလိုဘဲ ကြောင်လေးကို အိတ်ထဲက ထုတ်ပစ်လိုက်တာကို ကျိရှင်းလန် မြင်လိုက်ရတယ်။  သူ့အကြည့်တွေက အေးစက်လာပြီး ချက်ချင်းပဲ သူ့အမူအရာက ပြောင်းသွားတယ်။


“မင်း ကိုယ့်အတွက် မာဖလာတစ်ထည်ထိုးထားတယ်လို့ ပြောတယ်နော်။  အဲ့တာဘယ်မှာလဲ?”

သူ့လေသံက အနည်းငယ် မာကျောသည်။  လက်ဆောင်ကို ရရှိခဲ့တုန်းက သူခံစားခဲ့ရတဲ့ စိတ်လှုပ်ရှားမှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ အဖြစ်မှန်ကြောင့် လုံးဝပျောက်ကွယ်သွားခဲ့တယ်။


 ယန်ချုံးက သူ့အတွက် မာဖလာမထိုးပေးဘဲ သူ့ကိုလှည့်ဖြားဖို့ ကြုံရာကျပန်းမာဖလာကိုသာဝယ်ခဲ့သည်။

“ငါ......…”


စိုးရိမ်လျက်ရှိနေသော ယန်ချုံးက တံတွေးမျိုချလိုက်ပြီး ထောင့်စွန်းရှိ ကြောင်ကုတင်ကို တစ်ချက်ကြည့်လိုက်သည်။  ယန်ချုံး ကြောင်ကလေးကို ကူရှင်အဖြစ်သုံးဖို့ ပေးထားပြီးသွားပြီ။

“မင်းမှာ ရိုးသားမှုကနည်းနည်းပဲရှိတာလား?  မင်းငါ့ကိုလှည့်စားဖို့ မာဖလာတစ်ထည်ကို မင်းကြုံရာကျပန်း ဝယ်ခဲ့တာလား?”  ကျိရှင်းလန် ခံစားချက်တွေလွတ်ထွက်သွားပြီ။ သူ့ခြေထောက်တွေကို ဆန့်တန်းပြီး နောက်ကိုမှီလိုက်ကာ ကုတင်ဘေးရှိ စားပွဲပေါ်ကနေterminalကို ကောက်ကိုင်လိုက်ပြီး ကစားလိုက်ပါတော့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now