Ch 31

3K 307 4
                                    

မင်းလည်ပင်းမှာ ဘာဖြစ်နေတာလဲ ?



အားကစားနေ့ ဖွင့်ပွဲအခမ်းအနားကို သတ်မှတ်ချိန်အတိုင်း ကွင်းပြင်၌ ကျင်းပခဲ့သည်။  မနက်ခင်းပွဲစဉ်တွေက အတော်လေး ငြီးငွေ့စရာကောင်းတယ်။  သူတို့လုပ်စရာရှိတာက ကွင်းထဲမှာစုပြီး ဖွင့်ပွဲအခမ်းအနားကို ကျင်းပမယ်။ ပြီးတော့ ကျောင်းအုပ်ကြီးနဲ့ ကျောင်းသားခေါင်းဆောင်တွေက အမှာစကား ပြောကြားကြမယ်။  တစ်ချိန်တည်းမှာပင် ကျောင်းသူ/သားတွေက နေရောင်ခြည်ကို ထိတွေ့ဖို့ စောင့်ဆိုင်းနေသည့် အအလေးတွေလို ကွင်းပြင်ပေါ်တွင် ရပ်နေရတယ် ။


ကျိရှင်းလန်က စစ်ဆေးမှုပြုလုပ်ဖို့ စတိတ်စင်ပေါ်တက်ခဲ့ပြီး ထိပ်ပြောင်နေတဲ့ လူလတ်ပိုင်းနဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ ရပ်နေခဲ့သည်။  သူ့အတွက် မပေါ်လွင်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ စတိတ်စင်အောက်ရှိ ကျောင်းသူ/သားများ၏ အာရုံစူးစိုက်မှုကို သူကလုံးလုံးလျားလျား စွဲဆောင်သွားခဲ့သည်။ ယန်ချုံးက အသက်ရှုကြပ်သွားသည်အထိ လူစုလူဝေးတွင် တိုးဝှေ့ခံခဲ့ရသည်။  သခင်လေး ကျိရှင်းလန်က နေအောက်တွင် နေရဖို့ စတိတ်စင်အောက်မှာ ဘာလို့ရပ်နေဖို့မလိုအပ်တာလဲဆိုတာကို သူမသိပေ။


  အနီးနားရှိ စစ်တပ်ကျောင်းမှ ကျောင်းသားတွေနဲ့ သူတို့လို အရေးမပါတဲ့ လူများက စီတန်းလမ်းလျှောက်ခြင်းအတွက် ကိန်းဂဏန်းများကို စုဆောင်းရန် ခဲယဉ်းသည်။သူတို့  မတ်တတ်ရပ်နေဖို့ပဲလိုတယ်။ ယန်ချုံးက စတိတ်စင်ရှေ့တွင်  လေးထောင့်ပုံစံဖြင့် သပ်သပ်ရပ်ရပ်အတန်းလိုက်စီနေကြသော စစ်တပ်ကျောင်းသားများကို ကြည့်နေသည်။  တစ်ချိန်တည်းမှာပင် မိန်းကလေးများ၏ အဆက်မပြတ်အော်သံကို ရှေ့တန်းမှ အဆက်မပြတ်ကြားနေရပြီး သူတို့တွေထဲမှ ပိုင်ယွမ်ယွမ်က အသံအကျယ်ဆုံးနဲ့   အော်ဟစ်နေသည်။


 ယန်ချုံးနဲ့ ရှဲ့ယွီတို့က  အဖွဲ့၏အဆုံးတွင် ရပ်နေကာ နှစ်ယောက်စလုံး အာရုံမစိုက်ကြပေ။


ရှဲ့ယွီက ယန်ချုံးကို ဂရုတစိုက်နဲ့ယပ်ခတ်ပေးဖို့ ဗလာစာအုပ်ကို အသုံးပြုခဲ့သည်။  သူက ယန်ချုံးကို တိတ်တဆိတ်မေးလိုက်တယ် "ဘော့စ် အခု ဘော့စ်အိမ်မှာ ကြောင်တစ်ကောင်ကို တကယ်မွေးထားတာလား ?"

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now