Ch 67

1.4K 148 0
                                    

မကောင်းတဲ့အပြုအမူတစ်ခုလုပ်ခဲ့ပြီးတော့ အရှက်လည်းမရှိဘူး!


  သူတို့အိမ်ပြန်ပြီးနောက် ယန်ချုံးက မူးမူးနှင့် အထဲကို အပြည့်ဝင်လာသည်။  သူက ကျိရှင်းလန် ကို ကပ်ပြီး အနမ်းများနှင့် ပွေ့ဖက်ဖို့တောင်းဆိုခဲ့သည်။ သူအရက်သောက်ပြီးတာနဲ့ သူ့အမြင်တွေ ကဝေဝါးလာပြီး ခြေထောက်တွေက ပေါ့ပါးသွားကာ ကုတင်ပေါ် ပစ်လှဲလိုက်ပြီး တမှေးအိပ်လိုက်သည် ။

ကျိရှင်းလန် က အရက်နာကျတာကိုပျောက်စေတဲ့ လက်ဖက်ရည်ကို ယူလာတဲ့အခါ ယန်ချုံးကို ခဏခဏ ခေါ်ခဲ့ပေမယ့်သူ မတုံ့ပြန်ခဲ့ပါဘူး။ထို့ကြောင့် သူ့ကို အမြန်ကောက်ပွေ့လိုက်သည်။

ထိုအချိန်မှာပင် ယန်ချုံးက မူးဝေနေပြီး မော့ကြည့်လိုက်သည်။  သူ့မျက်လုံးတွေက နီရဲနေပြီး ဝဲနေတဲ့မျက်ရည်တွေက တလက်လက် တောက်ပနေသည်။


 ကျိရှင်းလန်က ခွက်ကို မြှောက်လိုက်ပြီး ယန်ချုံး လက်ဖက်ရည်ကို ပြီးအောင်သောက်နိုင်အောင် ကူညီပေးပြီး သူ့နဖူးကို ထိလိုက်တယ်။  နည်းနည်းပူနေတယ်။

“ မင်းနေမကောင်းဖြစ်နိုင်တယ်” ကျိရှင်းလန် က တစ်ခုခုရှိသေးတယ်လို့ ခံစားလိုက်ရတဲ့အတွက် ခွက်ကို ချလိုက်တယ်။

“ငါအဲလို မထင်ဘူး”  ယန်ချုံးက ကျိရှင်းလန်ရဲ့ ရင်ခွင်ကိုမှီထားပြီး “ငါ......နည်းနည်း ပူနေတယ်၊ ​​'သောက်ထားလို့ဖြစ်မယ်' " လို့ တိုးတိုးလေးပြောလိုက်ပါတယ်။


ကျိရှင်းလန်က သူ့နဖူးကို အကြိမ်အနည်းငယ်လောက်ခဏခဏထိကာ အဆုံးသတ်လိုက်သည်။  “မဟုတ်ဘူး၊ မင်းအဖျားရှိနေတယ်ထင်တယ်”


ယန်ချုံး အံ့အားသင့်သွားသည်။  “အရက်သောက်ရင် အဖျားက ဘယ်လိုရှိလာရတာလဲ?”

“ဝိုင်ကြောင့် မင်းဖျားတာမဟုတ်ဘူး” ကျိရှင်းလန်က ရေချိုးခန်းထဲမှ လက်ဆေးဇလုံကို ထုတ်ကာ ယန်ချုံးကျု ညင်သာစွာ တွန်းဖယ်လိုက်သည်။  မျက်နှာသုတ်ပုဝါကို ခြောက်အောင်ရေညှစ်ပြီး နဖူးပေါ်တင်လိုက်တယ်။ “မင်း estrus ရာသီကို ကျော်လွန်နေပြီဆိုတော့ မင်းခန္ဓာကိုယ်က အားနည်းနေတယ်။ ဒီနေ့လေတိုက်မခံခဲ့သင့်ဘူး”

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now