Ch 108

849 96 0
                                    

အပိုင်း ၁၀၈ - မင်း ရေချိုးကန်ကို ပြောင်းဖို့ တကယ် မစဉ်းစားဘူးလား?

ကံကောင်းထောက်မစွာ၊ လန်လန် သည် စိတ်ကောင်းရှိပြီး ကလေးကြောင့် အနှောင့်အယှက်မဖြစ်ခဲ့ပေ ။  ယန်ချုံး က သူ့ကို အမြန်ဆွဲယူပြီး ကုတင်ပေါ်တင်လိုက်တယ်။သူ  ပြုတ်ကျသွားမှာကို စိုးရိမ်သဖြင့် ကုတင်အလယ်မှာတောင်  ထားခဲ့သည်။

သူ့အငယ်၊ အမြွှာညီက ခုတင်ပေါ်မှာ အိပ်နေတုန်း Omegaရဲ့ မွှေးပျံ့တဲ့ရနံ့ကို ပေးနေတယ်။  သူ့ဦးခေါင်းကို ရွှေရောင်ကောက်ကောက် ဆံပင်အခွေများဖြင့် ဖုံးအုပ်ထားပြီး အဖြူရောင် တင်ပါးဆုံ ပေါ်လွင်စေရန် လှပ်လို့ရတဲ့ဘောင်းဘီကို ၀တ်ထားသည်။  မျက်နှာကျက်ကို စိုက်ကြည့်ရင်း သူ့ခြေထောက်လေးတွေ လှုပ်နေခဲ့တယ်


ယန်ချုံး သည် ကျိရှင်းလန် နှင့်တူသော ရွှေရောင် ဆံပင်တစ်ဝိုက်တွင် သူ၏လက်ချောင်းများဖြင့် ကောက်နေခြင်းကို မခံနိုင်ခဲ့ပေ။  ဆံပင်ကိုကိုင်ပြီး အနည်းငယ်ဖြောင့်လိုက်သော်လည်း သူလွှတ်လိုက်သည့်အခိုက်တွင် ပြန်ကန်ထွက်နေသော စပရင်ကဲ့သို့ နောက်ပြန်ကောက်သွားသည်။


 ချုံးချုံး ၏ဆံပင်များသည် လွန်ခဲ့သောနှစ်လက ထိပ်ပြောင်ခဲ့သော ရှင်းရှင်း နှင့်မတူဘဲ အလွန်လျင်မြန်စွာ ရှည်လာသည်။  ယခုတွင်၊ ရှင်းရှင်း ၏ခေါင်းပေါ်တွင် ဆံပင်အချို့ ပေါက်လာပြီး ယန်ချုံး သည် သူ့ဆံပင်ကို ညှပ်ရန် ဝန်လေးနေရှာသည်။


ယန်ချုံး က ချုံးချုံး ရဲ့ခေါင်းက ကျစ်ဆံမြီးနဲ့ ကစားပြီး ရှင်းရှင်း ကို “မင်းရဲ့ညီငယ်ဆီက သင်ယူထား ။  မင်းဆံပင်ပိုရှိလာရင် ပိုကြည့်ကောင်းလာမှာ ”လို့သင်ပေးခဲ့လေသည်။

ချုံးချုံး က သူ့လက်ကိုကိုက်နေရင်း မျက်တောင်ခတ်လိုက်တယ်။  သူ့ခန္ဓာကိုယ်မှ နို့နံ့သင်းသင်းလေးထွက်လာ၏။


သူတို့သည် သေးငယ်လွန်းလှသည်။  ထောင့်မှာ စုပုံထားတဲ့ ဝက်ဝံရုပ်တွေက သူတို့ထက် ပိုကြီးတယ်။  ကလေးနှစ်ယောက်က ဖြူစင်ပြီး နူးညံ့တယ်။  သူတို့လက်ထဲက အဆစ်တွေက ပန်းရောင်သန်းနေပြီး သူ တို့ထိလိုက်တာနဲ့ သူတို့ရဲ့ အသားအရေတွေက ပိုးသားလိုနူးညံ့နေတာကို ခံစားရတယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now