Ch 120

609 59 0
                                    

အပိုင်း ၁၂၀ - ကြမ်းပြင်မှာ ဘယ်သူ့အတွင်းခံလဲ။

ယန်ချုံးက သူ့terminalကို ကိုင်ထားပြီး ခဏစောင့်လိုက်သည်။  သူ လှည့်ကြည့်လိုက်တော့ ကျိရှင်းလန်က သူ့ကို ပြန်ဖြေထားသည်။


[မအိပ်ပျော်သေးဘူး]


ညတာက ရှည်လျားပြီး သူတစ်ယောက်တည်း အိပ်မပျော်ဘူး။  ကျိရှင်းလန်လည်း အိပ်မပျော်ဘူး။


ယန်ချုံးသည် လင်းနေသော terminalစခရင်ကို  ဖုံးကာ အခြားလူများကို မနိုးစေရန် သူ့စောင်အောက်ကို ဝင်သွားခဲ့သည်။


တစ်နေ့တာ ကုန်လွန်သွားခဲ့ပေမယ့် အိပ်မက်ကတော့ မပြီးသေးဘူး။

ထင်ရှားသည်မှာ၊ ညသည် လူတို့၏ ဝမ်းနည်းကြေကွဲရသည့် အချိန်ဖြစ်သည်။  သူ အိပ်ရာထဲ လှဲနေချိန်မှာ အထီးကျန်ပြီး ငြီးငွေ့လာသည်။  ယန်ချုံးက ကျိရှင်းလန်၊ ရှင်းရှင်းနဲ့ ချုံးချုံးတို့ကို လွမ်းနေသည်။


တခြားသူ ခေါင်းကိုက်သွားမှာကို စိုးရိမ်တာကြောင့်သာ မဟုတ်ရင် ရှဲ့ယွီနဲ့ ရင်းနှီးတဲ့ လုံခြုံမှုကို ရှာတွေ့ဖို့ အိမ်နီးချင်းကုတင်ကို သွားအိပ်ဖို့တောင် သူ စဉ်းစားလိမ့်မညိ။

ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ယန်ချုံးသည် chat box ထဲသို့ စကားလုံးအချို့ကို မဝံ့မရဲ ရိုက်ထည့်လိုက်သည်။


[ဘာလို့ ခုထိ မအိပ်သေးတာလဲ]


ကျိရှင်းလန် လျင်မြန်စွာပြန်ဖြေလာသောကြောင့် သူ ဖန်သားပြင်ကို စောင့်ကြပ်နေပုံရသည်။

[မင်းအနားမှာမရှိရင် ကိုယ်အိပ်လို့မရဘူး။ ကိုယ် နောက်ပြောင်နေခဲ့တာမဟုတ်ဘူး။]

[…..]

[မင်း ဒီလောက် မိုက်မဲတဲ့အကျင့်ကို ကျင့်သုံးခဲ့တာလား။]

ဒါပေမယ့် ကျိရှင်းလန်က စကားဆက်မပြောခဲ့ဘူး။  သူက မေးလိုက်သည်။ [ဒါဆို မင်းလည်း ဘာလို့ မအိပ်သေးတာလဲ]

[ငါ အိပ်လို့မရဘူး။] ယန်ချုံးက စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေလိုက်သည်။  [အပြင်မှာ လမ်းမီးတိုင်က မီးရောင်က နည်းနည်းလင်းတယ်။ ပြီးတော့ ခုနက ကားထဲမှာ ငါအိပ်လိုက်တာကြာသွားလို့နေမယ် ]

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now