Ch 39

2.3K 261 7
                                    

သူ့ကိုယ်သူ လှည့်စားလုနီးပါးပဲ


ယန်ချုံးက သူ့လက်ထဲရှိ စာရွက်တစ်ဝက်ကို ဂရုတစိုက်ကြည့်လိုက်သည်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရေးထားခဲ့တဲ့ ရက်စွဲကို ကောင်းကောင်း ထိန်းသိမ်းထားခဲ့တယ်။  ဖြဲထားတာက အလွန်သပ်ရပ်ပြီး ၎င်းကို ကတ်ကြေးဖြင့် တမင်ဖြတ်ထားကြောင်းကို ထင်ရှားစေသည်။

ကဗျာနဲ့ပါသော လူနှစ်ယောက်သည် တစ်ယောက်လျှင် တစ်ဝက်စီ ရလိမ့်မည်။  ဘယ်လောက် ရင်ခုန်စရာကောင်းလိုက်လဲ။

ဒါတောင် ရိုမန့်တစ်ဆိုပေမယ့် ကျိရှင်းလန် သူ့ကိုယ်သူ ရိုမန့်တစ်ဖြစ်တာတော့ မဖြစ်နိုင်ပါဘူး။  ယန်ချုံးက ကဗျာပေါ်တွင် ရေးထားသော ရက်စွဲကို ကြည့်ပြီး စာရွက်ပေါ်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ရာ သူ့မျက်လုံးထဲတွင် အံ့ဩမှုများက ပိုတိုးလာခဲ့သည်။

ဒီစာကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရေးခဲ့ပေမဲ့ ကျိရှင်းလန် က အခု သူ့ကို ဘာလို့ပေးရတာလဲ?

လွန်ခဲ့တဲ့ နှစ်နှစ်က......?  အဲ့အချိန်က ကျိရှင်းလန်က လင်းဝေကို ရှင်းရှင်းလင်းလင်း သဘောကျခဲ့သည်။  သူ့ရဲ့ချစ်ခြင်းမေတ္တာ၌ ပြိုင်ဖက်ဖြစ်သောကြောင့် ကျိရှင်းလန်က ယန်ချုံးကို ရိုက်ချချင်တာက ပိုပြီး ဖြစ်နိုင်ချေရှိသည်။

ကျိရှင်းလန်  သူ့(ယန်ချုံး)ကိုပြောပြတဲ့ ချိုမြိန်တဲ့အရာမှန်သမျှကို ယန်ချုံးက မှန်ကန်တယ်လို့ မထင်မိပေမယ့် ကျိရှင်းလန် က ဘာကြောင့် ဒီစာကိုရေးခဲ့တာလဲဆိုတာကို သူ သိချင်နေပါသေးတယ်။

 သူက ယောက်ျားတစ်ယောက်ဖြစ်ပြီး သူ့အတွက် သင့်လျော်သော ကဗျာများစွာရှိသော်လည်း သူက ကဗျာဖြစ်သည့် Phoenix Seeks Its Mate (ဖီးနစ်ဌက်ကအိမ်ထောင်ဖက်ရှာနေသည်) ကို ရွေးချယ်ထားခဲ့သည်။ သူ့မှာ သူကြိုက်တဲ့လူရှိတယ်ဆိုတာက ရှင်းနေပါတော့တယ်။

ကြောင်ကလေးက ယန်ချုံး ၏ခြေရင်းဘေးတွင် ဝပ်နေသည်။ ယန်ချုံး  ဘာကြောင့် ခိုးကြောင်ခိုးဝှက်လျှောက်သွားနေမှန်းကိုသူမသိဘူး ဒါကြောင့် ကြောင်လေးကစတင်ပြီး ဗီရိုထဲကို ခေါင်းဝင်လိုက်တယ်။  ယန်ချုံးက ၎င်း၏ လုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး ဗီရိုတံခါးကို ပိတ်လိုက်သောအခါ ကြောင်ကလေးကိုညှပ်လုနီးပါး ဖြစ်သွားခဲ့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now