Ch 41

1.9K 251 1
                                    

တံခါးဖွင့်!


အရက်ဆိုင်ရှိ သီးသန့်ခန်းတစ်ခန်းကို ခမ်းနားစွာ အလှဆင်ထားသည်။

အနက်ရောင် ဆိုဖာအရှည်ကြီးပေါ်တွင် အမျိုးသမီးတစ်ဦး ထိုင်နေတယ်။စားပွဲထိုးက တံခါးကိုပိတ်လိုက်တာနဲ့ သူမရဲ့ လှပပြီး ရှည်လျားတဲ့ လှိုင်းတွန့်ဆံပင်တွေအား ဘေးဘက်ကို ချက်ချင်းဆွဲသိမ်းလိုက်တယ်။သူမ၏လက်ဖြင့် maskကို ဖယ်ရှားလိုက်သည်။

 mask၏နောက်ကွယ်ကမျက်နှာမှာ ပြီးပြည့်စုံစွာနဲ့ထုဆစ်ထားပုံရသည်။  သူမ၏ ဦးခေါင်းထက်တွင် ပြိုးပြိုးပြက်ပြက်ပြက်နဲ့ထွန်းလင်းနေသော crystalမီးပန်းဆိုင်းများဖြင့် လင်းထိန်နေကာ သူမရဲ့ပုံစံက မယုံနိုင်လောက်အောင် လှပနေသည်။  သူမဟာ ဖက်ရှင်မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ လိုချင်တဲ့အချိန်တိုင်းကို ဖန်တီးနိုင်တဲ့သူတစ်ယောက်ပါ။

ဒါပေမယ့် တစ်ယောက်ယောက်က သူမကို အနီးကပ်ကြည့်မယ်ဆိုရင် သူမရဲ့အလှမှာ ပြင်းထန်တဲ့ ဘဝင်ဟပ်မှုတစ်ခုရှိနေတာကို တွေ့ကြမှာပါ။  တကယ်တော့ သူမဟာ ကမ္ဘာပေါ်မှာ ရှားရှားပါးပါး မြင်တွေ့ရတဲ့ အမျိုးသမီး Alphaတစ်ယောက်ဖြစ်သည်။

ကျိရှင်းလန်က ဆိုဖာ၏အခြားတစ်ဖက်တွင်ထိုင်ကာ ဘက်ထရီကုန်သွားပြီးနောက် သူ့အလိုလိုပိတ်သွားသည့် သူ၏terminalအား အားသွင်းနိုင်စေရန် စားပွဲထိုးထံမှ အားသွင်းကြိုး ငှားလိုက်သည်။  ဂျွိုက် က စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး နောက်တစ်ခွက်ကို ကောက်ယူရင်း ကျိရှင်းလန် ရှေ့မှာ ထားလိုက်တယ်။

"အနုပညာပြပွဲတစ်ခုကျင်းပဖို့  ဘာကမင်းကို ရီရှင်းမြို့ကို လာချင်အောင်လုပ်လိုက်တာလဲ? " ကျိရှင်းလန်က သူ့လက်ကောက်ဝတ်ရှိ Terminal ကိုဖြုတ်ပြီး အားသွင်းလိုက်သည်။  ထို့နောက် ဝိုင်ဖန်ခွက်ကို မကောက်ယူမီ သူ၏လက်ကောက်ဝတ်ရှိ ဒဏ်ရာကို ဖုံးကွယ်ထားရန် အင်္ကျီလက်ကို အေးအေးဆေးဆေးနဲ့ အနည်းငယ် ဆွဲချလိုက်သည်။

ဂျွိုက်က သူမရဲ့မျက်နှာကိုမပုတ်ခင် သူမ၏ဖန်ခွက်ကိုကိုင်ကာ ကျိရှင်းလန်အား လက်ဟန်ပြခဲ့သည်။  ဝိုင်ဖန်ခွက်က သူမ၏ သလဲသီးလက်သည်းများကို ထူးခြားစွာဖြင့် တောက်ပစေခဲ့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Hikayelerin yaşadığı yer. Şimdi keşfedin